ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ် ၈ ခုတွင် ဇူလိုင်လ ၁၅ ရက်မှ သြဂုတ်လ ၁၂ ရက်အထိ ရေဘေးဖြစ်ပွားမှုကြောင့် သေဆုံးသူ ဦးရေမှာ ၈ ဦး အထိ ရှိလာခဲ့ပြီး လူဦးရေ ၄၃၂,၀၁၈ ဦး...
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ဖဆပလ အိမ်ယာဝင်းအတွင်း ယနေ့ သြဂုတ်လ ၁၂ ရက် နံနက် ၁၀နာရီကျော်တွင် သစ်ပင်ကြီးတစ်ပင်ပြိုလဲကာ လူတစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိခဲ့ကြောင်း ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဝမြို့နယ် ချောင်းကျဉ်းရွာအနီး ကလေးဝ-ကလေး ကားလမ်းပိုင်းနှင့် အနီးဝန်းကျင်၌ ယမန်နေ့နံနက် ၅ နာရီခန့်က မြေလွှာ ပြတ်ရွေ့မှု ဖြစ်ပေါ် ခဲ့သဖြင့် လူနေအိမ် အချို့ ပြောင်းရွှေ့ထား ရကြောင်း ကလေးခရိုင် လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏...
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) လဟယ်မြို့နယ်၊ ထန်ခေါ်လားမား ကျေးရွာရှိ ရောဂါ လက္ခဏာရှင်များ၏ သွေးရည်ကြည် နမူနာများအား ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနမှ သြဂုတ် ၅ ရက်တွင် ဝက်သက်ရောဂါ ပဋိပစ္စည်းဟု အတည်ပြု ခဲ့သဖြင့် အနီး ပတ်ဝန်းကျင် ကျေးရွာများတွင်...
ရန်ကုန် ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) သဘာဝဘေးနှင့် ရေဘေးသင့် ဒေသများဖြစ်သော ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် ရေနှင့် သန့်ရှင်းမှုဆိုင်ရာ ကူးစက်ရောဂါများ မဖြစ်ပွားစေရန် နှင့် ကြိုတင်ကာကွယ်မှု ပြုနိုင်ရန် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန နှင့် ယူနီဆက်...
ရန်ကုန် ၊ သြဂုတ် ၁၀ ရက်(ဆင်ဟွာ) ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့မှာ မုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ရောက်ရှိနေသဖြင့် လက်ရှိအခြေအနေအား လိမ္မော်ရောင် အဆင့်ဟု သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတိပေး နှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၁၀ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ကမ်းခြေတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်သော်လည်း မုန်တိုင်းငယ်၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ...
ရန်ကုန် ၊ သြဂုတ် ၁၀ ရက်(ဆင်ဟွာ) နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် ၂ဝ၁၆-၂ဝ၁၇ ခုနှစ် စိုက်ပျိုးရာသီအတွင်း ထူးကဲစွာ မိုးရွာသွန်းမှုကြောင့် သီးနှံ အမျိုးအစားအလိုက် ရေကြီးနစ်မြုပ်မှု ၄၁၆၁၃၅ ဧက ရှိခဲ့ပြီး ပျက်စီးမှု ၁၆၇၁၄ ဧက ရှိခဲ့ကြောင်း...
ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ရေကြီးနစ်မြုပ်မှု များကြောင့် ပျက်စီးဆုံးရှုံး သွားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ လယ်ယာမြေ များ၌ ပြန်လည် စိုက်ပျိုးနိုင်ရန် ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) တောင်သမန်အင်းရေ မြင့်တက်လာမှုကြောင့် ယာယီပိတ်ထားသော ဦးပိန်တံတားကို ဖြတ်သန်းသွားလာခွင့် ပြန်လည်ခွင့်ပြုလုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။