Environment, Disasters & Accidents
ချင်းတွင်းမြစ်အတွင်း ရေယာဉ်နစ်မြုပ်မှုအတွက် အာမခံလျော်ကြေး သိန်း၃၇၀ပေးအပ်
![ချင်းတွင်းမြစ်အတွင်း အောင်စိုးမိုးကျော်ရေယာဉ် နစ်မြုပ်နေစဉ်(ဓာတ်ပုံ-MOI)](https://xinhuamyanmar.com/wp-content/uploads/2016/12/images_mm_2016_12_1n1.jpg)
ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
ချင်းတွင်းမြစ်အတွင်း အောင်စိုးမိုးကျော်ရေယာဉ် နစ်မြုပ်မှုကြောင့် သေဆုံးသူများထဲမှ ၃၇ဦးအတွက် အာမခံ လျော်ကြေး သိန်း၃၇၀ ပေးအပ်လိုက်ကြောင်း မြန်မာအာမခံလုပ်ငန်းထံမှ သိရသည်။
အဆိုပါ ရေယာဉ်နစ်မြုပ်မှုကြောင့် သေဆုံးသူများထဲမှ အချက်အလက်ပြည့်စုံသူ ၃၇ဦးအတွက် မြန်မာ့အာမခံလုပ်ငန်းက အာမခံနစ်နာကြေးအဖြစ် တစ်ဦးလျှင် ကျပ် ၁၀ သိန်းစီပေးအပ်ခဲ့သည်။
ကနီမြို့နယ် မိချောင်းတွင်း ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း အောက်တိုဘာ ၁၅ ရက် နံ နက် ၅ နာရီခန့်တွင် အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်ခဲ့ပြီး သေဆုံးသူ ၅၀အထက်ရှိသည်။(Xinhua)