Environment, Disasters & Accidents
Y-8 လေယာဉ်အမြီးပိုင်းအား ဆယ်ယူရရှိရေး နှင့် ကျန်ရှိသေးသည့် လေယာဉ်အစိတ်အပိုင်းများ ထပ်မံရှာဖွေတွေ့ရှိရေးဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
ပျက်ကျ Y-8 လေယာဉ်၏ လေယာဉ်အမှတ်၊ ၅၈၂၀ အမှတ်အသားပါရှိသည့် လေယာဉ်အမြီးပိုင်းအား ဆယ်ယူရရှိရေး နှင့် ကျန်ရှိသေးသည့် လေယာဉ်အစိတ်အပိုင်းများ ထပ်မံရှာဖွေတွေ့ရှိစေရေး အသေးစိတ်စစ်ဆေးရှာဖွေလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
Y-8 လေယာဉ်၏ လေယာဉ်အမှတ်၊ ၅၈၂၀ အမှတ်အသားပါရှိသည့် လေယာဉ်အမြီးပိုင်းအား ဇွန် ၁၅ ရက် ညနေ ၅ နာရီ ၁၈ မိနစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး၊ ပင်လယ်ပြင်အတွင်း စတင်ရှာဖွေတွေ့ရှိခဲ့သော ရေအောက် နေရာတစ်ဝိုက်၌ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များနှင့် ဒေသခံငါးဖမ်းစက်လှေများ ပူးပေါင်း၍ ၎င်းတွေ့ရှိသည့် အစိတ်အပိုင်းအား ဆယ်ယူရရှိရေးနှင့် ကျန်ရှိသေးသည့် လေယာဉ်အစိတ်အပိုင်းများ အသေးစိတ်စစ်ဆေးရှာဖွေလျက်ရှိကြောင်း သိရသည်။
Y-8 လေယာဉ်ပျက်ကျမှု အကြောင်းရင်းအား ဆက်လက်ဖော်ထုတ်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကျန်ရစ်သူမိသားစုများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ (Xinhua)