Connect with us

Environment, Disasters & Accidents

မိုးသည်းထန်ရွာသွန်းမှုကြောင့် ပျက်စီးသွားသော ရန်ကုန်-အမ်း-စစ်တွေ ကားလမ်းကို သံပေါင်ဘေလီတံတားထိုးမည်

သံပေါင်ဘေလီတံတားထိုးလုပ်ငန်းလုပ်ဆောင်နေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

မိုးသည်းထန်ရွာသွန်းမှုကြောင့် ပျက်စီးသွားသော ရန်ကုန်-အမ်း-စစ်တွေ ကားလမ်းကို သံပေါင်ဘေလီတံတားထိုးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ရန်ကုန်-စစ်တွေသွား ကားလမ်းမတွင်ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ အမ်းမြို့နှင့်စစ်တွေကြား ကားလမ်း မိုင်တိုင်အမှတ်(၂၈/ဝ)မိုင်နှင့် မိုင်တိုင်အမှတ်(၂၈/၁)ကြားတွင် လမ်းသား ပဲ့ကျမှုဖြစ်ပွားခဲ့ပြီး မိုးရာသီသွားလာနိုင်ရန်အတွက် သံပေါင်ဘေလီတံတားထိုးရန် ယနေ့ ဇွန် ၁၆ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သံပေါင်ဘေလီတံတားသည် အရှည်ပေ ၉၀ ရှိ ပြီး ယခုနှစ်မိုးရာသီအတွင်း ယာဉ်များသွားလာနိုင်ရန် ယာယီတံတားထိုးခြင်းဖြစ်ပြီး ရေရှည်အတွက် သွားလာနိုင်ရန် ပွင့်လင်းရာသီတွင် လမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း ဇွန် ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရန်ကုန်-အမ်း-စစ်တွေသွားကားလမ်း မိုင်တိုင် အမှတ် ၂၈ အနီး၌ လမ်းပခုံးမြေသားများပြိုကျပျက်စီးခဲ့သဖြင့် ကုန်တင်ယာဉ် ၇၄ စီး၊ဆီသယ်ယာဉ် လေးစီး၊ ခရီးသည် တင်ယာဉ် (Express) ၃၅ စီးနှင့် အခြားမော်တော်ယာဉ်၂၈ စီး၊ စုစုပေါင်းမော်တော်ယာဉ် ၁၄၁ စီးတို့သည် ညနေ ၃ နာရီမှစ၍ ဖြတ်သန်းသွားလာနိုင်မှုမရှိဘဲ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများနှင့် အမ်းမြို့နယ် လမ်းတံတားဦးစီးဌာန အဖွဲ့များပူးပေါင်း၍ ရေလမ်းကြောင်းလွှဲမြောင်းများ ဖောက်လုပ်ခြင်း၊ ရေကာတာများပြုလုပ်ခြင်းနှင့် ယာဉ်ဖြတ်သန်းသွားလာမှုများ ထိန်းသိမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ ယနေ့နံနက် ၁၀ နာရီ မိနစ် ၅၀ တွင် မော်တော်ယာဉ်များ ဆက်လက်သွားလာ နိုင်ပြီဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.