Environment, Disasters & Accidents
Y-8 လေယာဉ်၏ Fuel Control Unit တစ်ခု ရှာဖွေတွေ့ရှိ

ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)
ပျက်ကျ Y-8 လေယာဉ်၏ ကျန်ရှိနေသေးသည့် လေယာဉ်အစိတ်အပိုင်း များအားရှာဖွေရာတွင် လေယာဉ်၏ Fuel Control Unit တစ်ခုအပါအဝင် လေယာဉ်ကိုယ်ထည်အစိတ်အပိုင်းများအား ထပ်မံရှာဖွေ ဆယ်ယူရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
တပ်မတော်စစ်ရေယာဉ်များမှ ဆိုနာစနစ်ဖြင့်ရှာဖွေရရှိသည့် ပုံရိပ်များအပေါ်မူတည်၍ လေယာဉ်အမြီးပိုင်းရှာဖွေတွေ့ရှိခဲ့သည့် နေရာအနီးတစ်ဝိုက် ပင်လယ်ပြင်အတွင်းတပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် ဒေသခံငါးဖမ်းစက်လှေများပူးပေါင်းပြီး ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။(Xinhua)