Connect with us

Politics, Law & Military

တပ်မတော် Y-8လေယာဉ် ပျက်ကျမှုမှ ရုပ်အလောင်း ၉၀ လောင်းထိတွေ့ရှိထား

Y-8 လေယာဉ်အား ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

ပျက်ကျ တပ်မတော် Y-8လေယာဉ်ရှာဖွေရာတွင် ယနေ့ ဇွန် ၁၅ ရက်နေ့ နံနက် ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရုပ်အလောင်း ၉၀ လောင်းထိရှာဖွေတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ယနေ့ နံနက်ပိုင်း မောင်းမကန်-မရင်းကြီးကမ်းခြေတစ်လျှောက် ရှာဖွေရေးလုပ်ဆောင်နေသည့် မြေပြင်တပ်များက ကျား/မ မခွဲခြားနိုင်ရုပ်အလောင်း ၃ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် ယခုအချိန်အထိ စုစုပေါင်းရုပ်အလောင်း ၉၀ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အမျိုးသားရုပ်အလောင်း ၃၅ လောင်း၊ အမျိုးသမီးရုပ်အလောင်း ၂၈ လောင်း၊ ကလေးရုပ်အလောင်း ၈ လောင်း စုစုပေါင်းရုပ်အလောင်း ၇၁ လောင်းအား ရုပ်မည်ခွဲခြားမှုပြုလုပ်နိုင်ခဲ့ပြီး ကောင်းမွန်စွာ သဂြိၤုလ်ပေးခဲ့ပြီးဖြစ်သည်။(Xinhua)