Connect with us

Politics, Law & Military

Y-8လေယာဉ်အစိတ်အပိုင်း ဆယ်ယူရာတွင် ထိခိုက်သူနှစ်ဦး တပ်မတော်ဆေးရုံကြီး၌ ဆေးကုသမှုခံယူ

ဆေးကုသမှုခံယူလျက်ရှိသော ရေငုပ်သမားနှစ်ဦးအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှု့စဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

Y-8လေယာဉ်အစိတ်အပိုင်း ဆယ်ယူရာတွင် ထိခိုက်သူနှစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီးသို့ ရောက်ရှိဆေးကုသမှု ခံယူလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လေယာဉ်ရှာဖွေဆယ်ယူခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ဇွန် ၁၇ ရက် နံနက် ၈ နာရီခန့်တွင် လောင်းလုံဘုတ်ကျွန်းအနီး ပင်လယ်ရေအောက်အနက် ၁၂၅ ပေခန့်တွင်တွေ့ရှိသော လေယာဉ် အစိတ်အပိုင်းအားဆယ်ယူရန် တပ်မတော်နှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ဒလမြို့နယ်ရှိ အဏ္ဏဝါမင်းရေငုပ်အဖွဲ့မှ ရေငုပ်သမားဦးစောနောင်နှင့် ဦးသန့်ဇင်ဦးတို့နှစ်ဦးသည် လေယာဉ်အစိတ်အပိုင်း ဆယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်စဉ် ရေထုဖိအားကြောင့် ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သတိမေ့မြောသွားသဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။(Xinhua)