Connect with us

Environment, Disasters & Accidents

နေပြည်တော်၌ ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုကြောင့် လူ ၁ ဦးသေဆုံး ၂၂ ဦး ဒဏ်ရာရ

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိ သွားသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းမပေါ်၌ ယနေ့(မတ် ၁၇ ရက်) နံနက် ၁၁နာရီ ၁၅ မိနစ်တွင် KIA BONGO III အမျိုးအစား ယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ ထိမ်းမှောက်သွားခဲ့ခြင်းကြောင့် ယာဉ်ပေါ်ပါ လူ ၁ ဦးသေဆုံးပြီး အခြား ၂၂ ဦး ဒဏ်ရာရရှိသွားကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိ သွားသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိ သွားသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ယာဉ်တိမ်းမှာက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၉ ဦး ဒဏ်ရာများ အသီးသီးရရှိသွားကြောင်း နှင့် ဒဏ်ရာရသူများအား နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ကုသစဉ် အသက် ၁၆ အရွယ် အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရတဲ့အထဲက ၁၀ယောက်လောက်က စိုးရိမ်ရတယ်၊ ဒဏ်ရာရတဲ့အထဲ လက်ပြတ်တာတွေ၊ ပေါင်ကျိုးတာတွေရော ရှိတယ်။ ယာဉ်မောင်းက အရက်သေစာသောက်စားထားတာတော့ မရှိပါဘူး”ဟု ယာဉ်တိမ်းမှောက်မှုတွင် ဒဏ်ရာရရှိသူများအား ကူညီ ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သည့် ပေးဆပ်သူပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်၏ ရှေ့လေကာမှန် နှင့် ဝဲ/ယာ တံခါးမှန်များကွဲသွားခဲ့ပြီး ဝဲဘက်ဘော်ဒီပိန်ချိုင့်ပျက်စီးသွားခဲ့ကြောင်း သိရသည်။(Xinhua)