Connect with us

Environment, Disasters & Accidents

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အပူချိန်မြင့်တက်နိုင်

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ၂၀၂၁ ခုနှစ် နွေရာသီတွင် ရေကန်တစ်ခု၌ ရေခပ်နေသူများ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မတ်လဒုတိယပတ်၌ မတ်လ ပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီ စင်တီဂရိတ်နှင့်အထက် ပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ယနေ့ မတ် ၁၁ ရက်တွင် ပြောသည်။ဦးလှထွန်းက “နွေရာသီရောက်တဲ့အခါ အပူချိန် တိုးနေကြပေါ့။ အခုလက်ရှိ မှာ အပူချိန် တိုးမယ့် အနေအထားပေါ့။ နွေရာသီကတော့ ခရမ်းလွန်ရောင်ခြည်က နေရောင်ခြည်ရတာအပြင် နေလမ်းကြောင်းနဲ့ဆိုင်တယ်။ နွေရာသီမှာဆိုရင် ဧပြီလ နဲ့မေလက အပူဆုံး။ ဧပြီလမှာ မပူရင်၊ မေလ မှာ ပူတဲ့ဒေသတွေ ရှိတယ်။ ဧပြီလနှောင်းပိုင်းနဲ့ မေလမှာ လေထုထဲ ရေခိုးရေငွေ့ပါဝင်မှု ပိုများလာတော့ ပိုပူတယ်။ ချွေးပါပြိုင်းပြိုင်းကျတဲ့အထိပူအိုက်တယ်’’ ဟုပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မတ်လ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အာရှဒေသမြို့ကြီးများအလိုက် ယနေ့ မတ် ၁၁ ရက် မိုးလေဝသအခြေအနေထုတ်ပြန်ချက်အရ နေပြည်တော်၏ အမြင့်ဆုံးအပူချိန်သည် ၃၈ ဒီဂရီစင်တီဂရိတ်ရှိပြီး လက်ရှိတွင် အာရှဒေသ၏အပူချိန်အမြင့်ဆုံးမြို့ကြီးဖြစ်ပြီး ရန်ကုန်မြို့၏ အမြင့်ဆုံးအပူချိန်သည် ၃၇ ဒီဂရီစင်တီဂရိတ်ဖြင့် အာရှဒေသ၏ ဒုတိယအပူချိန်အမြင့်ဆုံး မြို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.