Education & Health
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက် ၄၆ .၈၈ ရာခိုင်နှုန်းရှိ

ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ခဲ့ရာ ဖြေဆိုသူ ၂၈၁,၇၅၁ ဦး ရှိပြီး အောင်မြင်သူ ၁၃၂,၀၇၇ ဦးရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက် ၄၆ .၈၈ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန်မြို့နယ် ၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြည့်ရှုနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန်မြို့နယ် ၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြည့်ရှုနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဒဂုံ မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြည့်ရှုနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း လသာမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြည့်ရှုနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း လသာမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြည့်ရှုနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း လသာမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြည့်ရှုနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း လသာမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြည့်ရှုနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း လသာမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြည့်ရှုနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ ဇွန် ၁၇ ရက်၊ သောကြာနေ့ နံနက် (၀၆:၀၀) အချိန်၌ မြန်မာတစ်နိုင်ငံလုံးတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာန ကျောင်းများတွင် တစ်ချိန်တည်း ထုတ်ပြန်ထားပြီး ယနေ့ နံနက် ၄ နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့ ရှိ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် ကျောင်းသူတစ်ဦးက “ဇီဝဗေဒဂုဏ်ထူးပါပါတယ်။ အောင်စာရင်းကိုတော့ သွားမကြည့်ဖြစ်ပါဘူး။ အွန်လိုင်းကပဲ ကြည့်ဖြစ်ပါတယ်’’ ဟု ဆင်ဟွာသို့ ယနေ့ ဇွန် ၁၇ ရက်တွင် ပြောသည်။
တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူဦးရေနှင့် အောင်ချက်ရာခိုင်နှုန်းမှာ ကချင်ပြည်နယ်တွင် ဖြေဆိုသူဦးရေ ၁၁,၄၈၃ ဦးရှိပြီး အောင်မြင်သူဦးရေ ၅၃၂၅ဦး ဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၆.၃၇ ရာခိုင်နှုန်း၊ ကယားပြည်နယ်တွင် ဖြေဆိုသူဦးရေ ၅၇၅ဦး၊ အောင်မြင်သူဦးရေ ၂၂၂ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၈.၆၁ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် ဖြေဆိုသူဦးရေ ၅၃၇၈ဦး၊ အောင်မြင်သူဦးရေ ၂၃၉၁ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၄.၄၆ ရာခိုင်နှုန်း၊ ချင်းပြည်နယ်တွင် ဖြေဆိုသူဦးရေ ၂၂၅၉ဦး၊ အောင်မြင်သူဦးရေ ၆၀၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၂၆.၇၈ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြေဆိုသူဦးရေ ၁၃,၈၂၅ဦး၊ အောင်မြင်သူဦးရေ ၅၇၃၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၁.၄၉ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဖြေဆိုသူဦးရေ ၄၃၅၉ဦး၊ အောင်မြင်သူဦးရေ ၂၀၀၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၅.၉၅ ရာခိုင်နှုန်း၊ ပဲခူတိုင်းဒေသကြီး (အရှေ့) တွင် ဖြေဆိုသူဦးရေ ၁၅,၅၉၉ဦး၊ အောင်မြင်သူဦးရေ ၆၉၆၉ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၄.၆၈ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီး (အနောက်) တွင် ဖြေဆိုသူဦးရေ ၁၁,၅၂၄ဦး၊ အောင်မြင်သူဦးရေ ၅၅၃၁ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၈.၀၀ ရာခိုင်နှုန်း၊ မွန်ပြည်နယ်တွင် ဖြေဆိုသူဦးရေ ၁၁,၂၁၂ ဦး၊ အောင်မြင်သူဦးရေ ၆၄၁၄ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၇.၂၁ ရာခိုင်နှုန်း၊ မကွေးတိုင်းဒေသကြီးတွင် ဖြေဆိုသူဦးရေ ၁၉,၃၇၆ဦး၊ အောင်မြင်သူဦးရေ ၈၁၄၄ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၂.၀၃ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ဖြေဆိုသူဦးရေ ၃၃,၅၄၈ဦး၊ အောင်မြင်သူဦးရေ၁၆,၇၄၇ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၉.၉၂ ရာခိုင်နှုန်း၊ နေပြည်တော်တွင် ဖြေဆိုသူဦးရေ ၁၆,၁၀၉ဦး၊ အောင်မြင်သူဦးရေ ၇၆၀၀ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၇.၁၈ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်တွင် ဖြေဆိုသူဦးရေ ၄၁,၇၅၅ဦး၊ အောင်မြင်သူဦးရေ ၁၉,၇၂၉ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၇.၂၅ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖြေဆိုသူဦးရေ ၃၃,၄၄၇ဦး၊ အောင်မြင်သူဦးရေ ၁၅,၄၀၉ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၆.၀၇ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် (တောင်) တွင် ဖြေဆိုသူဦးရေ ၁၅,၆၇၈ဦး၊ အောင်မြင်သူဦးရေ ၆၄၄၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၁.၁၀ ရာခိုင်နှုန်း၊ရှမ်းပြည်နယ် (မြောက်) ဖြေဆိုသူဦးရေ ၅၉၁၃ ဦး၊ အောင်မြင်သူဦးရေ ၂၅၆၉ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၃.၄၅ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် (အရှေ့) တွင် ဖြေဆိုသူဦးရေ ၂၄၃၉ဦး၊ အောင်မြင်သူဦးရေ ၇၈၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၂.၁၉ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဖြေဆိုသူဦးရေ ၃၇,၂၃၇ ဦး၊ အောင်မြင်သူဦးရေ ၁၉,၄၂၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၂.၁၆ ရာခိုင်နှုန်း၊ နိုင်ငံခြားစာစစ်ဌာနမှ ဖြေဆိုသူ ၃၅ ဦး၊ အောင်မြင်သူ ၃၂ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၉၁.၄၃ ရာခိုင်နှုန်း ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များ ရှိလာပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် (၀၁-၆၅၃၅၀၉) နှင့် (၀၉-၄၃၁၄၀၂၂၆) တို့ ထံသို့ အောင်စာရင်းထုတ်ပြန်ကြေညာသော ယနေ့ ဇွန် ၁၇ ရက် (သောကြာနေ့) တွင် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန မှ သိရသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်းမှာ ၃၂. ၀၆ ရှိခဲ့ကြောင်း သိရသည်။ (Xinhua)