Culture & Entertainment
၉ ကြိမ်မြောက် မယ်စကြဝဠာ (မြန်မာ) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပထမအကြိမ် ဆန်ကာတင် ၈ ဦးအား ရွေးချယ်

ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
၉ ကြိမ်မြောက် မယ်စကြဝဠာ မြန်မာ (Miss Universe Myanmar) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပထမအကြိမ် ဆန်ကာတင် ၈ ဦးအား ရွေးချယ်လိုက်ကြောင်း Miss Universe Myanmar မှ National Director ဒေါ်စိုးယုဝေ က ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၂ ရက်တွင် ပြောသည်။

၉ ကြိမ်မြောက် မယ်စကြဝဠာ မြန်မာ ဆန်ကာတင်အလှမယ်အားတွေ့ရစဉ် (ဓာတ်ပုံ- Miss Universe Myanmar)

ဒေါ်စိုးယုဝေ က “အခုထုတ်တဲ့ ၈ ဦး က ပထမ announcement လုပ်တဲ့ ၈ ဦးပါ။ နောက်ထပ် ထပ်လာဦးမှာရှင့်။ ဆန်ခါတင် က တစ်ခါလုပ်ရင် အယောက် ၂၀ ၊ တချို့ နှစ်တွေမှာ ဆိုရင် အယောက် ၄၀ အထိ ရှိတယ်။ နောက်တစ်သုတ်ကြေညာပြီးမှ Miss Universe Myanmar ၂၀၂၂ ကို နိုဗိုတယ် ဟိုတယ်မှာ ပွဲလုပ်ပြီးရွေးမှာပါ’’ ဟုပြောသည်။
မယ်စကြဝဠာ မြန်မာ (Miss Universe Myanmar ) ပြိုင်ပွဲကြီးသို့ဝင်ရောက်ယှဉ်ပြိုင်ရန် ပေးပို့လာသည့်ပြိုင်ပွဲဝင်လျှောက်လွှာများမှ လူတွေ့စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် ဆန်ကာတင်အလှမယ်စာရင်းထဲသို့ ဝင်ရောက်လာသည့် ပြိုင်ပွဲဝင်များအနက် ပြိုင်ပွဲဝင် ၈ ဦးအား ပထမဦးစွာ ကြေညာခြင်းဖြစ်ကြောင်း သိရသည်။
ပထမအသုတ် ဆန်ကာတင်အဖြစ် ရွေးချယ်ခံရသည့် အလှမယ်များမှာ ယမုံ၊ အမရာ၊ ခင်လမင်းသာ၊ ဇာလီမိုး၊ နီနီလင်းအိမ်၊ သင်ဇာမင်းထက်၊ Han Bao Bao ၊ Kendra တို့ဖြစ်သည်။
မယ်စကြဝဠာ မြန်မာ အဖြစ် ရွေးချယ်ခြင်းခံရသည့် အလှမယ်သည် ၇၁ ကြိမ်မြောက် မယ်စကြာဝဠာ ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ (Xinhua)