Connect with us

Media

၂၀၂၅ ခုနှစ် မယ်စကြဝဠာမြန်မာ သရဖူကို မြတ်ရတနာစိုး ဆွတ်ခူးရရှိ

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် မယ်စကြဝဠာမြန်မာ (Miss Universe Myanmar 2025) ပြိုင်ပွဲ၊ ဖိုင်နယ်ပွဲကို ရန်ကုန်မြို့ Myanmar Expo (Fortune Plaza) တွင် ဇွန် ၂၇ ရက် ညပိုင်းက ကျင်းပခဲ့ရာ အလှမယ် မြတ်ရတနာစိုးက သရဖူဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ဖိုင်နယ်ပွဲကို မြန်မာနိုင်ငံရှိ မြို့ကြီးများ ကိုယ်စားပြုအလှမယ် ၃၅ ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ကိုယ်စားပြုအလှမယ်ဖြစ်သော ၂၀၂၅ ခုနှစ် မယ်စကြဝဠာမြန်မာဆုရ မြတ်ရတနာစိုးသည် မကြာမီ ထိုင်းနိုင်ငံတွင် ကျင်းပမည့် ၇၄ ကြိမ်မြောက် Miss Universe ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။( Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117