Myanmar
So ကိုယ်ပိုင်သံစဉ် တေးရေး/တေးဆို ပြိုင်ပွဲ Grand Final တွင် ယှဉ်ပြိုင်သွားမည့် တေးရေး/တေးဆို ပြိုင်ပွဲဝင်များကို မိတ်ဆက်

ရန်ကုန် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
So ကိုယ်ပိုင်သံစဉ် တေးရေး/တေးဆို ပြိုင်ပွဲ Grand Final ပွဲအား အောက်တိုဘာ ၇ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ ယင်း Grand Final ပွဲတွင် ယှဉ်ပြိုင်သွားမည့် တေးရေးပြိုင်ပွဲဝင် Top Finalist ၆ ဦး နှင့် တေးဆိုပြိုင်ပွဲဝင် Top Finalist ၆ ဦးတို့အား ယနေ့ အောက်တိုဘာ ၃ ရက်တွင် စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

So ကိုယ်ပိုင်သံစဉ် တေးရေး/တေးဆို တေးသီချင်းပြိုင်ပွဲ Grand Final Top Finalist စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားအား ရန်ကုန်မြို့၌ အောက်တိုဘာ ၃ ရက်တွင် ကျင်းပပြုလုပ်စဉ် (ဆင်ဟွာ)

So ကိုယ်ပိုင်သံစဉ် တေးရေး/တေးဆို တေးသီချင်းပြိုင်ပွဲ Grand Final Top Finalist စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားအား ရန်ကုန်မြို့၌ အောက်တိုဘာ ၃ ရက်တွင် ကျင်းပပြုလုပ်စဉ် (ဆင်ဟွာ)
တေးရေးပြိုင်ပွဲဝင် Top Finalist ၆ ဦးမှာ ထည်ဝါ၊ အားဖုန်၊ ပင်လယ်အေး၊ သော်ဇင်လတ်၊ မှုန်ကြီးနှင့် ဉာဏ်လင်းထွဋ် တို့ဖြစ်ပြီး တေးဆိုပြိုင်ပွဲဝင် Top Finalist ၆ ဦးမှာ မောင်သု၊ ဘွဲ၊ Anoni Mus၊ ဉာဏ်လင်းထက်၊ Moana နှင့် ပုလဲဖြူစင်ဖွေးတို့ဖြစ်ကြောင်း သိရသည်။
So ကိုယ်ပိုင်သံစဉ် တေးရေး/တေးဆို ပြိုင်ပွဲသည် ဂီတလောကတွင် တေးရေး/တေးဆို ဂီတမျိုးဆက်သစ်များ ပေါ်ထွန်း လာစေရန်နှင့် မြေတောင်မြှောက်ပေးရန် ဟူသော ရည်ရွယ်ချက်များနှင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲ၏ ထူးခြားချက်မှာ အသက်အရွယ် ကန့်သတ်ချက်မရှိဘဲ တေးရေးပြိုင်ပွဲနှင့် တေးဆိုပြိုင်ပွဲဟူ၍ တစ်ချိန်ထဲ ပြိုင်ပွဲဝင်ရခြင်း ပုံစံဖြစ်ကာ မြန်မာနိုင်ငံ၌ ပထမဆုံး ကျင်းပသော ဂီတပြိုင်ပွဲကြီး တစ်ခုဖြစ်သည်ဟု ဆိုသည်။ (Xinhua)