Connect with us

Myanmar

တရုတ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း အမျိုးသားလေးယောက်တွဲပွဲစဉ်တွင် မြန်မာနိုင်ငံမှ ပထမဆုံး ရွှေတံဆိပ်ဆုရရှိ

မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့အားတွေ့ရစဉ် (ဓာတ်ပုံ- အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ကျင်းဟွာမြို့တွင် ကျင်းပလျက်ရှိသည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း အမျိုးသားလေးယောက်တွဲပွဲစဉ် ဗိုလ်လုပွဲတွင် မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို (၂)ပွဲပြတ်ဖြင့်အနိုင်ရပြီး ရွှေတံဆိပ်ဆုရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့အားတွေ့ရစဉ် (ဓာတ်ပုံ- အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန)

နေပြည်တော်တွင်မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇ ရက် လေ့ကျင့်ပြင်ဆင်နေမှုကိုတွေ့ရစဉ် (ဆင်ဟွာ)

“ပိုက်ကျော်ခြင်းအားကစားက ၂၀၁၄ နောက်ပိုင်းမှာမှ ရွှေပြန်ရတဲ့အတွက် အရမ်းကို ဝမ်းသာဂုဏ်ယူပါတယ်။ အားကစားသမားတွေအားလုံးရွှေတံဆိပ်ရရှိဖို့ ကြိုးစားယှဉ်ပြိုင်ခဲ့ကြတဲ့အတွက်လည်း အားကစားသမားတွေကို အရမ်းကို ကျေးဇူးပါတယ်။ မြန်မာပရိသတ်က ပိုက်ကျော်ခြင်းအားကစားကို တော်တော်အားပေးတာတွေ့ရတယ်။ ဘောလုံးအားကစားပြီးရင် ဒုတိယပရိသတ်အကြိုက်ဆုံးအားကစားဖြစ်တယ်။ ကျွန်တော်တို့လည်း ပရိသတ်တွေ စိတ်ကျေနပ်အောင်ကြိုးစားယူရတာပေါ့။ ၄ ယောက်တွဲပြိုင်ပွဲမှာ ရွှေတံဆိပ်ရအောင်ကြိုးစားရတာ တော်တော်လေးကို ခက်ခဲပါတယ်” ဟု မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်၊ သတင်းနှင့် ပြန်ကြားရေးမှ ဦးမြတ်မင်းသိုက်က ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၄ ရက်တွင်ပြောသည်။

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၏ ပိုက်ကျော်ခြင်း အမျိုးသားလေးယောက်တွဲပွဲစဉ် ဗိုလ်လုပွဲတွင် မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို (၂)ပွဲပြတ်ဖြင့်အနိုင်ရပြီး ရွှေတံဆိပ်ဆုရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဂျပန်အသင်းကို ၂၁-၉၊ ၁၈-၂၁၊ ၂၁-၁၅ (၂-၁)ပွဲဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်လာခဲ့ခြင်းဖြစ်ပြီး ဗိုလ်လုပွဲတွင် အုပ်စုတွင်းတွေ့ဆုံမှု၌ (၂)ပွဲပြတ်အရေးနိမ့်ထားသည့် အင်ဒိုနီးရှားကို (၂၁-၁၃) (၂၄-၂၂) နှစ်ပွဲပြတ်ဖြင့် ပြန်လည်အနိုင်ယူကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တရုတ်နိုင်ငံမှာ ကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲက ၄ နှစ်မှ တစ်ကြိမ်ကျင်းပတဲ့ပြိုင်ပွဲဖြစ်တယ်။ နိုင်ငံတွေကလည်း သေချာ စနစ်တကျနဲ့ ရွှေရနိုင်မယ်လို့ယုံကြည်ရတဲ့ အားကစားနည်းတွေကိုပဲ ပြိုင်တာဖြစ်တယ်။ အားကစားသမားတွေအတွက် အခုလိုအာရှအားကစားပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ရွှေတံဆိပ်က အတော်ကို တန်ဖိုးရှိတဲ့ ရွှေတံဆိပ်ဖြစ်ပါတယ်” ဦးမြတ်မင်းသိုက်ကပြောသည်။

ပိုက်ကျော်ခြင်းအားကစားအဖွဲ့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ထွက်ခွါခဲ့ကြောင်း သိရသည်။

“အောက်တိုဘာလ ၇ ရက်မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ တာဝန်ရှိသူတွေ သွားရောက်ကြိုဆိုကြမှာပါ” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ (Xinhua)