Connect with us

Myanmar

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပသည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် အားကစားအဖွဲ့များ ယနေ့ပြန်လည်ရောက်ရှိ

တရုတ်နိုင်ငံ၊ အာရှအားကစားပြိုင်ပွဲမှ ဆုတံဆိပ်များဖြင့် အောက်တိုဘာ ၇ ရက်တွင် ပြန်လည်ရောက်ရှိလာသည့် အားကစားသမားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပသည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် အားကစားအဖွဲ့များ အောက်တိုဘာ ၇ ရက်၌ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး အစိုးရတာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ အတွင်းရေးမှူးက “ ကျွန်တော်တို့ ဒီနေ့ မွန်းလွဲ ၃ နာရီကျော်က ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိပါတယ်။ ကျွန်တော်တို့ အားကစားအဖွဲ့တွေကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်ပြီး အားကစားနဲ့လူငယ်ရေးရာဝန်ကြီးဌာနက တာဝန်ရှိသူတွေက လာရောက်ကြိုဆိုကြပါတယ်။ နိုင်ငံတကာပွဲစဉ်တွေထဲကမှ ပွဲကြီးတစ်ပွဲဖြစ်တဲ့ အာရှအားကစားပြိုင်ပွဲမှာ ကျွန်တော်တို့ လှေလှော်အားကစားသမားတွေက တတိယဆု ကြေးတံဆိပ်ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၇ ရက်တွင် ပြောသည်။

တရုတ်နိုင်ငံ၊ အာရှအားကစားပြိုင်ပွဲမှ ဆုတံဆိပ်များဖြင့် အောက်တိုဘာ ၇ ရက်တွင် ပြန်လည်ရောက်ရှိလာသည့် အားကစားသမားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ အာရှအားကစားပြိုင်ပွဲမှ ဆုတံဆိပ်များဖြင့် အောက်တိုဘာ ၇ ရက်တွင် ပြန်လည်ရောက်ရှိလာသည့် အားကစားသမားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ အာရှအားကစားပြိုင်ပွဲမှ ဆုတံဆိပ်များဖြင့် အောက်တိုဘာ ၇ ရက်တွင် ပြန်လည်ရောက်ရှိလာသည့် အားကစားသမားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ အာရှအားကစားပြိုင်ပွဲမှ ဆုတံဆိပ်များဖြင့် အောက်တိုဘာ ၇ ရက်တွင် ပြန်လည်ရောက်ရှိလာသည့် အားကစားသမားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ အာရှအားကစားပြိုင်ပွဲမှ ဆုတံဆိပ်များဖြင့် အောက်တိုဘာ ၇ ရက်တွင် ပြန်လည်ရောက်ရှိလာသည့် အားကစားသမားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ အာရှအားကစားပြိုင်ပွဲမှ ဆုတံဆိပ်များဖြင့် အောက်တိုဘာ ၇ ရက်တွင် ပြန်လည်ရောက်ရှိလာသည့် အားကစားသမားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ အာရှအားကစားပြိုင်ပွဲမှ ဆုတံဆိပ်များဖြင့် အောက်တိုဘာ ၇ ရက်တွင် ပြန်လည်ရောက်ရှိလာသည့် အားကစားသမားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာလ ၈ ရက်အထိ တရုတ်နိုင်ငံ ၊ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ မွန်းလွဲ (၁၅:၁၀) နာရီအချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် MU-2031 ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်းဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှကျောင်းသား/သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ ၏ မိဘဆွေမျိုးများက ပန်းစည်းများ၊အိုးစည်၊ ဒိုးပတ်များဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်းသိရသည်။

ပိုက်ကျော်ခြင်းအားကစားအဖွဲ့မှ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းကစားသမား ရွှေတံဆိပ်ဆုရှင် အားထစ် (ဇင်မင်ဦး) က “မသွားခင်ကတည်းက ရွှေတံဆိပ်ဆုရမယ်လို့မျှော်မှန်းပြီး သွားခဲ့ကြတာပေ့ါ။ နည်းပြတွေနဲ့ ကစားသမားတွေ စည်းစည်းလုံးလုံးနဲ့ ကြိုးပမ်းခဲ့လို့လည်း ရွှေတံဆိပ်ဆုကို ရရှိခဲ့တယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ကို ယူပေးနိုင်ခဲ့လို့လည်း အရမ်းကို ပျော်ရွှင်ပီတိဖြစ်ရပါတယ်” ဟု လေဆိပ်တွင် သတင်းသမားများကို ဖြေကြားခဲ့သည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အမျိုးသား (၄)ယောက်တွဲ ပြိုင်ပွဲ၌ ပထမ ရွှေတံဆိပ်(၁)ဆုရရှိသည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့၊ နဂါးလှေလှော် (Dragon Boat) အမျိုးသမီးမီတာ(၅၀၀) (၁၂)တက်လှော် ပြိုင်ပွဲ၌ တတိယ ကြေးတံဆိပ်(၁)ဆုနှင့် အမျိုးသား မီတာ(၁၀၀၀) (၁၂)တက်လှော် ပြိုင်ပွဲ၌ တတိယ ကြေးတံဆိပ်(၁) ဆုရရှိခဲ့သည့် လှေလှော်အားကစား အဖွဲ့တို့မှ နည်းပြများ၊ အုပ်ချုပ်သူများနှင့်ပြိုင်ပွဲဝင် အားကစားသမားများ ပြန်လည်လိုက်ပါလာကြကြောင်း သိရသည်။

ယနေ့ပြန်လည်လိုက်ပါလာသော မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်ဆုရှင်များမှာ ပိုက်ကျော်ခြင်း အမျိုးသား(၄)ယောက်တွဲပြိုင်ပွဲမှ သန့်ဇင်ဦး ၊ သန့်ဇင်ထွန်း၊ ဇင်မင်းဦး၊ ဇင်ကိုကို၊ အောင်ခန့်သူ ၊ ရှိန်းဝဏ္ဏဇော်တို့ဖြစ်ပြီး မြန်မာအားကစားအဖွဲ့သည် (၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ၌ ရွှေတံဆိပ်(၁) ဆု၊ ကြေးတံဆိပ်(၂)ဆု စုစုပေါင်းဆုတံဆိပ်(၃)ဆု ဆွတ်ခူးရရှိခဲ့သည်။ (Xinhua)