Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမပေါ်တွင် အောက်တိုဘာ ၇ ရက် နံနက် ၇:၂၀ နာရီဝန်းကျင်က ယာဉ်လေးစီးဆင့်တိုက်မှု၌ အမျိုးသမီးသုံးဦးနှင့် ကလေးငယ်တစ်ဦးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမပေါ်တွင် အောက်တိုဘာ ၇ ရက်က ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် (ဓာတ်ပုံ- ပုလဲအရန်မီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမပေါ်တွင် အောက်တိုဘာ ၇ ရက် နံနက် ၇:၂၀ နာရီဝန်းကျင်က ယာဉ်လေးစီးဆင့်တိုက်မှု၌ အမျိုးသမီးသုံးဦးနှင့် ကလေးငယ်တစ်ဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကြောင်း အခင်းဖြစ်ပွားရာသို့ သွားရောက်ကူညီခဲ့သည့် ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၇ ရက် နံနက် ၁၀:၅၀ နာရီတွင် အတည်ပြုပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမပေါ်တွင် အောက်တိုဘာ ၇ ရက်က ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် (ဓာတ်ပုံ- ပုလဲအရန်မီးသတ်တပ်ဖွဲ့)

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမပေါ်တွင် အောက်တိုဘာ ၇ ရက်က ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် (ဓာတ်ပုံ- ပုလဲအရန်မီးသတ်တပ်ဖွဲ့)

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမပေါ်တွင် အောက်တိုဘာ ၇ ရက်က ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် (ဓာတ်ပုံ- ပုလဲအရန်မီးသတ်တပ်ဖွဲ့)

“စုစုပေါင်း သေဆုံးသူ လူကြီး ၃ ဦးနဲ့ ကလေးငယ် ၁ ဦးကို အတည်ပြုထားပါတယ်။ ဖယ်ရီကားပေါ်ကတော့ အမျိုးသမီး ၁၆ ယောက်၊ အမျိုးသား ၃ ယောက် ထိခိုက်ဒဏ်ရာရတယ်။ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူ မရှိပါဘူး” ဟု ယာဉ်တိုက်မှုအား သွားရောက်ကူညီသော ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ဖြစ်စဉ်မှာ ထောက်ကြန့်ဘက်မှ မြောက်ဥက္ကလာဘက်သို့ မောင်းနှင်လာသည့် ရွှေမန္တလာအဝေးပြေးယာဉ်က ဘရိတ်မထိန်းနိုင်ဘဲ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်စဉ်ကတော့ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းမ PT Power ဆီဆိုင်ရှေ့မှာ ဆီဆိုင်ဘက်ကို ချိုးဝင်မယ့် Light Track ယာဉ်က ချိုးကွေ့ဖို့လုပ်နေတဲ့အချိန်မှာ နောက်ကလိုက်လာတဲ့ အထည်ချုပ်ဖယ်ရီကားက မှေးလိုက်လာတယ်။ Light Track ကတော့ ၂ ခါ ကွေ့ဖို့ကြိုးစားတယ်။ ပထမတစ်ခေါက်မှာ ကွေ့ဖို့ကြိုးစားတယ်။ မကွေ့ဘူး။ ဒုတိယတစ်ခေါက်မှာတော့ သူကွေ့ဖို့ကြိုးစားတဲ့အခါမှာ အထည်ချုပ် ဖယ်ရီကြိုလာတဲ့ကား ဘရိတ်အုပ်လိုက်ရတယ်။ အဲဒီအချိန်မှာပဲ ဖယ်ရီကားနောက်မှာပါလာတဲ့ ရွှေမန္တလာအိတ်စ်ပရက်က ဘရိတ်ပေါက်ပြီး ဖယ်ရီကားကို ဝင်တိုက်လိုက်တာပေါ့။ သူတို့အကုန်လုံးရဲ့ လားရာက ထောက်ကြန့်မှ မြောက်ဥက္ကလာဖြစ်တယ်။ ဖယ်ရီကားက ညာဘက်ကို ထွက်သွားပြီးတော့ ရွှေမန္တလာက ဖယ်ရီကားကိုတိုက်ပြီး တစ်ဖက် မြောက်ဥက္ကလာကနေ ထောက်ကြန့်ကို လားရာလမ်းက တက္ကစီပရိုဘောက်ယာဉ်ကို ထပ်တိုက်လိုက်တာ။ တက္ကစီပရိုဘောက်ယာဉ်မှာ ပါလာတဲ့ ကလေးသူငယ်တစ်ဦးနဲ့ အဘွားအိုတစ်ဦး နေရာမှာတင်ပွဲချင်းပြီး သေဆုံးပြီးတော့ ကားခေါင်းခန်းမှာ အမျိုးသမီးတစ်ဦးညပ်နေတယ်ပေါ့။ ညပ်နေတဲ့ အမျိုးသမီးကို ကျွန်တော်တို့ဆွဲထုတ်တယ်။ ကယ်ဆယ်ရေးစလုပ်တယ်။ ဆေးရုံတင်လိုက်တယ်။ ပရိုဘောက်မှာ အမျိုးသားတစ်ဦးပါတယ်။ အမျိုးသားတစ်ဦးလည်း ဒဏ်ရာရတယ်။ ပရိုဘောက်မှ ၂ နှစ်အရွယ် ကလေးငယ်က ၂ ဦး ပါတယ်။ ၂ ဦးထဲက ၁ ဦးက နေရာမှာတင် ပွဲချင်းပြီးသေဆုံးတယ်။ နောက်ထပ် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကတော့ ဒဏ်ရာရရှိမှုမရှိဘူး။ ခေါင်းခန်းထဲကဆွဲထုတ်တဲ့ အမျိုးသမီး ၁ ဦးကလည်း သေဆုံးခဲ့တယ်။ အခင်းဖြစ်တဲ့နေရာမှာ စုစုပေါင်း ၃ ဦးသေဆုံးပြီး၊ နောက်တစ်ဦးကတော့ ဆေးရုံမှာ သေဆုံးခဲ့တယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

အဆိုပါ သေဆုံးသူများ၏ ရုပ်အလောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို မေဓာဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)