Connect with us

Myanmar

အရေးပေါ်ကာလသက်တမ်းတိုးပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ပြင်ဆင်ဖွဲ့စည်းကြောင်းကြေညာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းခြင်း ထုတ်ပြန်ချက်အားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းခြင်း ထုတ်ပြန်ချက်အားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမိန့်အမှတ် ၅/၂၀၂၃ ဖြင့်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းများအရ သိရသည်။

ပြင်ဆင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဒု-ဥက္ကဋ္ဌ တို့အဖြစ်တာဝန်ယူပြီး အတွင်းရေးမှူးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့အား တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြင်ဆင်ဖွဲ့စည်းခဲ့သည့် နစက ၏အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒု-ဗိုလ် ချုပ်ကြီးစိုးထွဋ်၊ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ဝိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ပူဂင့်ကမ်းလျန်၊ ဦးမောင်ကို၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့ပါဝင်ကြောင်း သိရသည်။

ဆက်လက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အဆိုပါ ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဝန်ကြီးချုပ်၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဒု-ဝန်ကြီးချုပ်တို့အဖြစ် တာဝန်ယူပြီး ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့၌ ပူးတွဲ ဒု-ဝန်ကြီးချုပ်များအဖြစ် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဦးဝင်းရှိန်တို့အား တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသန်းဆွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမင်းနောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမျိုးသန့်၊ ဟို တယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်သော်နှင့် တိုင်း ရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် Jeng Phang နော်တောင်တို့အား အသစ်ခန့်အပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.