Connect with us

Environment, Disasters & Accidents

မြောက်ဥက္ကလာပမြို့နယ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားပြီး လူ ၄ ဦးသေဆုံး

မြောက်ဥက္ကလာပမြို့နယ်အတွင်း ဆိုင်ကယ်နှင့် ကားတိုက်မှုဖြစ်ပွားပြီး ဒဏ်ရာ(စိုးရိမ်ရ)ရရှိသူကလေးငယ်အား ဆေးရုံသို့ပို့ဆောင်စဉ် (ဓာတ်ပုံ-ကုသိုလ်တော်(ပါလေရာ)ကူမှုကူညီရေးအသင်း)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ပုဂံလမ်းမကြီးပေါ်ရှိ EPC ရုံးရှေ့တွင် ဖေဖော်ဝါရီ ၂၄ ရက်ည ၉နာရီဝန်းကျင်က ကားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်ပေါ်ပါ လူ ၄ ဦးသေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

” ၃ယောက်က အခင်းဖြစ်နေရာမှာတင် သေဆုံးတယ်။ ၆နှစ်အရွယ် ကလေးမလေးကတော့ ဆေးရုံရောက်ပြီး ဆေးကုသရင်း သေဆုံးသွားတယ်” ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦး စုစုပေါင်း မိသားစု (၄)စီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်နှင့် လမ်းပြောင်းပြန်မောင်းလာသည့် ယာဉ်တစ်စီးတို့ တိုက်မိပြီး ဆိုင်ကယ်မှာ လွှင့်ထွက်ကာ စစ်ဆေးရေးဂိတ်အနီးရှိ ဓာတ်တိုင်အား ဝင်တိုက်မိခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းဖြစ်စဥ်ကြောင့် ဆိုင်ကယ်ပေါ်တွင် မောင်းနှင်လိုက်ပါလာသည့် ရွှေပေါက္ကံမြို့သစ် ၂၂ ရပ်ကွက်တွင်နေထိုင်သောမိသားစုများ သေဆုံးခဲ့ကြောင်း၊ အဆိုပါ ဆိုင်ကယ်ကို တိုက်သည့် ကားသမားကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.