Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
၂၀၂၃ ခုနှစ် U-15 လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပမည် - Xinhua News Agency
Connect with us

Myanmar

၂၀၂၃ ခုနှစ် U-15 လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပမည်

၂၀၂၃ ခုနှစ် U-15 လူငယ်ဘောလုံးပြိုင်ပွဲ ပြိုင်ပွဲကြော်ငြာအား တွေ့ရစဉ် (ဓာတ်ပုံ- MFF)

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) သည် လူငယ် စွမ်းရည် မြှင့်တင်ရန် ကြိုးပမ်းသည့်အနေဖြင့် အသက် ၁၅ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ (FIFA-MFF U15 Youth League 2023) ကို ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

U-15 လူငယ်ဘောလုံး အသင်းတစ်သင်း လေ့ကျင့်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ- MFF)

“ပညာရေးဝန်ကြီးဌာနနဲ့မြို့နယ်ဘောလုံးအဖွဲ့ချုပ်တွေရယ် ၊ ကျွန်တော်တို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရယ် အားလုံး ပူးပေါင်းပြီး ဒီပြိုင်ပွဲကို ကျင်းပနေတာပါ” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာသို့ ယနေ့ မတ် ၂၅ ရက်တွင် ပြောသည်။

အဆိုပါပြိုင်ပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)၏ စည်းမျဉ်းမျဉ်းစည်းကမ်းနှင့်အညီ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့ပြီး အဖွဲ့ချုပ်အနေဖြင့် ပြိုင်ပွဲဝင်ခွင့်ရ အသင်းများကို တစ်သင်းလျှင် ကျပ် သိန်း ၁၀၀ ထောက်ပံ့သွားမည်ဖြစ်ပြီး ပထမဆုရအသင်းအား ကျပ် သိန်း ၅၀၊ ဒုတိယဆုရ အသင်းအား ကျပ် သိန်း ၃၀၊ တတိယဆုရအသင်းအား ကျပ် သိန်း ၂၀ ၊ ဆုဖလားနှင့် ဆုတံဆိပ်များ ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် စုစုပေါင်း အသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲများကို စနေ၊ တနင်္ဂနွေပိတ်ရက်များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံ အထက်မြန်မာပြည်ဇုန်နှင့် အောက်မြန်မာပြည်ဇုန်ဟူ၍ ဇုန်နှစ်ခုဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။ အထက်မြန်မာပြည်ဇုန်တွင် အသင်းပေါင်း ၁၂ သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျန် ၁၂ သင်းမှာ အောက်မြန်မာပြည်ဇုန်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

အထက်မြန်မာပြည်ဇုန်( မန္တလေး)တွင် မန္တလေးတိုင်းဒေသကြီးမှ ၂ သင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ၂ သင်း၊ မကွေးတိုင်း ဒေသကြီးမှ ၁ သင်း၊ နေပြည်တော်ကောင်စီမှ ၁ သင်း၊ ရှမ်းပြည်နယ်မှ ၃ သင်း၊ ချင်းပြည်နယ်မှ ၁ သင်း၊ ကယားပြည်နယ်မှ ၁ သင်း၊ ကချင်ပြည်နယ်မှ ၁ သင်း၊ အောက်မြန်မာပြည်ဇုန် (ရန်ကုန်)တွင် ရန်ကုန်တိုင်းဒေသကြီးမှ ၃ သင်း၊ ပဲခူးတိုင်း ဒေသကြီးမှ ၂ သင်း၊ ဧရာဝတီတိုင်းဒေသကြီး (ပုသိမ်) မှ ၂ သင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁ သင်း၊ မွန်ပြည်နယ်မှ ၂ သင်း ၊ ရခိုင်ပြည်နယ်မှ ၁ သင်း၊ ကရင်ပြည်နယ်မှ ၁ သင်း ပါဝင်မည်ဖြစ်ပါသည်။

ယင်းပြိုင်ပွဲကို ခြောက်လကြာ ကျင်းပသွားမည်ဖြစ်ပြီး ပထမအကျော့ပွဲစဉ်များကို သုံးလနှင့် ဒုတိယအကျော့ပွဲစဉ်များအတွက် သုံးလကြာမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲ ပထမအကျော့ ပွဲစဉ်များကို ၂၀၂၃ ခုနှစ် မေလ ပထမပတ်တွင် ကျင်းပရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။ (Xinhua)