Connect with us

Agriculture

မြန်မာနိုင်ငံတွင် ပြည်တွင်းဆီစားသုံးမှု ဖူလုံစေရန် နေကြာစိုက်ဧက ၄ သန်းကို တိုးချဲ့စိုက်ပျိုးရန်မျှော်မှန်းဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် နေကြာပန်းခင်းတစ်ခုကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

ပြည်တွင်းတွင် ဆီစားသုံးမှု ဖူလုံစေရန် မြန်မာနိုင်ငံတစ်ဝန်း နေကြာစိုက်ဧက ၄ သန်းအထိ တိုးချဲ့စိုက်ပျိုးရန် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဆင်ဟွာသို့ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် နေကြာပန်းခင်းတစ်ခုကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် နေကြာပန်းခင်းတစ်ခုကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

နေကြာဆီသည် ပြည်တွင်းဆီဈေးကွက်တွင် အဓိကစားသုံးသောဆီများအနက်တစ်မျိုးအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အဓိကစားသုံးသောဆီများမှာ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီ နှင့် ပြည်ပမှ တင်သွင်းရသောစားအုန်းဆီတို့ဖြစ်ကြောင်း သိရသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နေကြာစိုက်ဧကပေါင်း ၁.၀၈ သန်းကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

“ပြီးခဲ့သည့် မိုးရာသီနှင့် ဆောင်းရာသီတွေမှာ မြန်မာတစ်နိုင်ငံလုံးမှာ နေကြာစိုက်ဧကပေါင်း ၁.၀၈ သန်း စိုက်ပျိုးနိုင်ခဲ့ပါတယ်။ကျွန်တော်တို့အနေနဲ့နေကြာဧကပေါင်း ၄ သန်းအထိ တဖြည်းဖြည်းတိုးချဲ့စိုက်ပျိုးသွားဖို့ ရှိပါတယ်’’ ဟု ဒေါက်တာရဲတင့်ထွန်းကပြောသည်။

မြန်မာနိုင်ငံတွင် နေကြာစိုက်ခင်းများကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြောင်း သိရသည်။
“ဒီနှစ်မှာ ပြည်တွင်းစားသုံးဆီတွေက ဈေးကောင်းရခဲ့တဲ့အတွက် လာမယ့်ဘဏ္ဍာနှစ်မှာ တောင်သူတွေအနေနဲ့ နေကြာပင်တွေကို စိုက်ဖို့ ပိုပြီးစိတ်ဝင်စားလာနိုင်တယ်လို့ ထင်ပါတယ်’’ ဟု ဒေါက်တာရဲတင့်ထွန်းက ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆီစက်များက တစ်နှစ်လျှင် စားသုံးဆီတန်ချိန် ၃၀၀,၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး၊ ဆီထွက်သီးနှံပင်များကို ဧကပေါင်း ၈ သန်းကျော် စိုက်ပျိုးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.