Connect with us

Myanmar

မြန်မာ့ပင်လယ်ပြင်တွင်၃ လကြာ ငါးမဖမ်းရရာသီသတ်မှတ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သဲတန်းကျေးရွာကမ်းခြေ၌ ငါးဖမ်းလှေများကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာ ၅ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)
မြန်မာ့ပင်လယ်ပြင်တွင် ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ၃ လကြာ ငါးမဖမ်းရ ရာသီသတ်မှတ်ထားကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ မတ် ၃၀ ရက်တွင် ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သဲတန်းကျေးရွာကမ်းခြေ၌ ငါးဖမ်းလှေတစ်စင်းကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာ ၅ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ငါးသားပေါက်သည့်ရာသီတွင် ငါးဖမ်းခြင်းကို တားမြစ်ခြင်းအားဖြင့် ရေနေသတ္တဝါ အရင်းအမြစ်များကို ကာကွယ်ရန် ရည်ရွယ်ပြီး အလွန်အကျွံငါးဖမ်းခြင်းက ရေသယံဇာတအရင်းအမြစ်များကို ခြိမ်းခြောက်နိုင်ကြောင်း သိရသည်။
“ဒါက လိုက်နာသင့်ပါတယ်။ ငါးသယံဇာတဆိုတာက ကိုယ့်လက်မှာ အလွန်အကျွံဖမ်းဆီးလိုက်ရင် မျိုးသုဉ်းသွားမှာပေါ့။ အဲ့လိုမျိုးမဖြစ်ရအောင်အတွက် ငါးမျိုးတွေ ပေါက်ဖွားဖို့အတွက် အချိန်တစ်ခုပေးရမှာပေါ့”ဟု ဦးလှထွန်းကပြောသည်။
ငါးမဖမ်းရရာသီအတွင်း မြန်မာနိုင်ငံသည် ပြည်တွင်းစားသုံးမှု ပိုလျှံသည့် ရေထွက်ကုန်များကိုသာ ပြည်ပသို့တင်ပို့သွားမည်ဖြစ်ကြောင်း၎င်းကဆိုသည်။
မြန်မာနိုင်ငံ အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ၁၁ လတာကာလအတွင်း ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၂၅.၂၆ သန်း ကျော်ရရှိခဲ့ကြောင်းသိရသည်။
မြန်မာ့ပင်လယ်ပြင်တွင် ကမ်းဝေးလိုင်စင်ရ ငါးဖမ်းလှေပေါင်း ၃,၀၀၀ ကျော်ရှိပြီး ယင်းအနက် ငါးဖမ်းလှေပေါင်း ၁,၀၀၀ မှာ တနင်္သာရီတိုင်းဒေသကြီးတွင်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.