Myanmar
၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ၊ ဒုတိယအဆင့် ခြေစစ်ပွဲ တရုတ်အမျိုးသမီးဘောလုံးအသင်းက တရုတ် (တိုင်ပေ) အမျိုးသမီးဘောလုံးအသင်းကို အနိုင်ရရှိ

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)
၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ၊ ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (B) ပွဲစဉ်အဖြစ် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ဇွန် ၆ ရက်၌ ယှဉ်ပြိုင်ကစားခဲ့ရာ တရုတ်ယူ-၂၀ အမျိုးသမီးအသင်းက တရုတ် (တိုင်ပေ)အသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။
Lu Jiayu သည် ပွဲချိန် ၆၅ မိနစ်တွင် တရုတ်နိုင်ငံအတွက် တစ်လုံးတည်းသောဂိုးကို ခေါင်းဖြင့်တိုက်ကာ သွင်းယူခဲ့ခြင်းဖြစ်သည်။ Wang Aifang ကပေးပို့လိုက်သောဘောလုံးကို Lu က အနိုင်ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။
“တရုတ်တိုင်ပေက ခံစစ်ကို ပိုကစားတာကို တွေ့ရပါတယ်။ တကယ်တော့ ဒီနေ့ပွဲက ကျွန်တော်မျှော်လင့်ထားသလောက်တော့ ရလဒ်မထွက်ခဲ့ဘူး” ဟု တရုတ်ယူ-၂၀ အမျိုးသမီးအသင်း၏ နည်းပြချုပ်ဖြစ်သူ Wang Jun သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသော ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်တွင် တရုတ် ယူ-၂၀ အမျိုးသမီးအသင်း နှင့် တရုတ်(တိုင်ပေ) ယူ-၂၀ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ် တွင် အားပေးနေကြသော တရုတ်ပရိသတ်များကို ၂၀၂၃ ခုနှစ်၊ ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ကျင်းပသော ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲ တွင် တရုတ်ယူ-၂၀ အမျိုးသမီးအသင်းနှင့် တရုတ် (တိုင်ပေ) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် တရုတ်ယူ-၂၀ အမျိုးသမီးကစားသမားက ဂိုသွင်းပြီးနောက် တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသော ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်တွင် တရုတ်နိုင်ငံမှ Yin Lihong (ယာ) နှင့် တရုတ် (တိုင်ပေ)အသင်း မှ Chang En-Tienတို့ ယှဉ်ပြိုင်ကစားနေမှုကို ၂၀၂၃ ခုနှစ်၊ ဇွန် ၆ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသော ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်တွင် တရုတ် ယူ-၂၀ အမျိုးသမီးအသင်းမှ Huo Yuexin (ယာ)နှင့် တရုတ် (တိုင်ပေ)အသင်း မှ Jiang Yu-Xuanတို့ ယှဉ်ပြိုင်ကစားနေမှုကို ၂၀၂၃ ခုနှစ်၊ ဇွန် ၆ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)
၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ၊ ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (B) ပွဲစဉ်အဖြစ် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ဇွန် ၆ ရက်၊ မြန်မာစံတော်ချိန် ည ၆:၃၀ နာရီက မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းနှင့် နီပေါ ယူ-၂၀ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းက (၅-၀)ဂိုးဖြင့် အနိုင်ရခဲ့သည်။ အဆိုပါဂိုးများကို ဇင်မိုးပြည့်၊ ယဉ်လွန်းအိမ်၊ ယွန်းဝတီလှိုင်တို့က သွင်းယူခဲ့ခြင်းဖြစ်သည်။
ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (B) ပွဲစဉ်များကို ဇွန် ၈ ရက်နှင့် ၁၀ ရက်တွင် ကစားမည်ဖြစ်သည်။
အုပ်စု (B) တွင် တရုတ်၊ မြန်မာ၊ နီပေါနှင့် တရုတ် (တိုင်ပေ) အသင်းတို့ ပါဝင်ပြီး၊ အုပ်စု Aတွင် သြစတြေးလျ၊ ဗီယက်နမ်၊ အီရန်နဲ့ လက်ဘနွန်အသင်းတို့ ပါဝင်ကြောင်း သိရသည်။
ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုနှစ်ခုမှ အုပ်စုပထမနှင့် ဒုတိယရသော အသင်းလေးသင်းမှာ ဥဇဘက်ကစ္စတန်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား အသင်းတို့နှင့်အတူ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘတ်ကစ္စတန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်း သုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် မတ်လ ၃ ရက်မှ ၁၆ ရက် အထိ ကျင်းပရန် လျာထားကြောင်း သိရသည်။ (Xinhua)