Education & Health
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းရှိ

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနက ယနေ့ (ဇွန် ၉ ရက်)ထုတ်ပြန်သော သတင်းအရ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံခြားစာစစ်ဌာန အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ဖြေဆိုသူ ၁၆၁၈၅၀ ဦးရှိသည့်အနက် စာမေးပွဲအောင်မြင်သူ ၁၀၉၈၅၁ ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း ၆၇ ဒသမ ၈၇ ရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏စာရင်းများအရ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကြည့်ရှုနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကြည့်ရှုနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကြည့်ရှုနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကြည့်ရှုနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ အများဆုံးသည် မန္တလေးတိုင်းဒေသကြီးမှ ၁၆၀၁၈ ဦး ၊ရန်ကုန်တိုင်းဒေသကြီးမှ ၁၅၂၈၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၁၃၆၃၀ ဦးရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အောင်ချက်ရာခိုင်နှုန်း ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ယခုနှစ် အောင်ချက် နှုန်းမှာ မြင့်တက်လာကြောင်း သိရသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် ဇွန်လ ၉ ရက်၊ နံနက် ၆ နာရီမှစတင်၍ ကပ်ထားခဲ့ပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website ဖြစ်သည့် www.myanmarexam.org တွင်လည်း နံနက် ၄ နာရီမှစတင်၍ အသိပေးထုတ်ပြန်ခဲ့သည်။(Xinhua)