Connect with us

Environment, Disasters & Accidents

ပဲခူးမြို့၏ အနောက်တောင်ဘက် (၁၂) မိုင်ခန့်အကွာတွင် အင်အား ရစ်(ခ်)တာစကေး ၅.၁ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား၊ တစ်နေ့တည်းတွင် ငလျင် ၂ ကြိမ်လှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ-မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ပဲခူးမြို့၏ အနောက်တောင်ဘက် (၁၂) မိုင်ခန့်အကွာတွင် အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု ယနေ့ညပိုင်း၌ လှုပ်ရှားခဲ့ရာ တစ်နေ့တည်းတွင် ငလျင်၂ ကြိမ်လှုပ်ရှားမှုဖြစ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာ ၂၃ ရက် ည ၉ နာရီကျော် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပဲခူးမြို့၏ အနောက်တောင်ဘက် (၁၂) မိုင်ခန့်အကွာတွင် လှုပ်ရှားခဲ့သော အဆိုပါငလျင်သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်၊ မြန်မာစံတော်ချိန် (၂၀) နာရီ၊ (၅၄) မိနစ်၊ (၃၅) စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၇) မိုင်ခန့်ကွာဝေးသော ပဲခူးမြို့၏ အနောက်တောင်ဘက် (၁၂) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၁၇.၂၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၂) ဒီဂရီတွင် လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ငလျင်က အင်အားအသင့်အတင့်သာရှိပေမဲ့ အနက်တိမ်တဲ့အတွက် လူအများစု ခံစားမိကြတာပါ” ဟု ဆင်ဟွာသို့ စက်တင်ဘာ ၂၃ ရက် ည ၉ နာရီကျော်တွင်ဖြေကြားခဲ့သည်။

ထို့အတူ ယနေ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်၊ မြန်မာစံတော်ချိန် (၁၇) နာရီ၊ (၃၃) မိနစ်၊ (၄၃) စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၆၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဒိုက်ဦးမြို့၏ အနောက်ဘက် (၂၁) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၈၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၄) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ညနေ ၆ နာရီဝန်းကျင် သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.