Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့၌ လမ်းဘေးတွင်ရပ်ထားသော (၆)ဘီးယာဉ်အား Hijet ယာဉ်မှ ဝင်တိုက်ခဲ့ရာ လူ (၂) ဦးသေဆုံး၊ ၇ ဦးထိခိုက်ဒဏ်ရာရရှိ

ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့၌ လမ်းဘေးတွင်ရပ်ထားသော (၆)ဘီးယာဉ်အား Hijet ယာဉ်မှ ဝင်တိုက် ထားသည်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ--မြတ်စေတနာ နာရေးကူညီမှု လူမှုရေးအသင်း ဟဲဟိုးမြို့)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့၌ လမ်းဘေးတွင်ရပ်ထားသော (၆)ဘီးယာဉ်အား Hijet ယာဉ်မှ ဝင်တိုက်ခဲ့ရာ လူ (၂)ဦးသေဆုံး၊ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဟဲဟိုးမြို့ မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ဦးကျော်မျိုးဦးက ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၂၈ ရက်တွင် ပြောသည်။

ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့၌ လမ်းဘေးတွင်ရပ်ထားသော (၆)ဘီးယာဉ်အား Hijet ယာဉ်မှ ဝင်တိုက် ထားသည်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ–မြတ်စေတနာ နာရေးကူညီမှု လူမှုရေးအသင်း ဟဲဟိုးမြို့)

ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့၌ လမ်းဘေးတွင်ရပ်ထားသော (၆)ဘီးယာဉ်အား Hijet ယာဉ်မှ ဝင်တိုက် ထားသည်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ–မြတ်စေတနာ နာရေးကူညီမှု လူမှုရေးအသင်း ဟဲဟိုးမြို့)

ဦးကျော်မျိုးဦးက “ကားခေါင်းအတွင်းမှာ ညပ်နေတဲ့လူနာကိုတော့ ကျွန်တော်တို့က ဆွဲထုတ်ပြီး ကူညီပေးခဲ့တာပေါ့။ တခြား အမျိုးသမီးလူနာကတော့ ဆေးရုံရောက်မှ သေဆုံးခဲ့တာပါ” ဟုပြောသည်။

ဖြစ်စဉ်မှာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက် နံနက် ၆ နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့၊ မိတ္ထီလာ-တောင်ကြီးပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၈၉/၇) နှင့် (၉၀/၀) ကြားတွင် Hijet (အဖြူရောင်) ယာဉ်တစ်စီး မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသော Nissan (အဖြူရောင်)(၆)ဘီးယာဉ်အား အနောက်မှ ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်တိုက်ခဲ့မှုကြောင့် Hijet (အဖြူရောင်)ယာဉ်မှ ယာဉ်မောင်းမှာကားခေါင်းခန်းတွင် ညပ်နေကြောင်း သတင်းရရှိသဖြင့် ဟဲဟိုးနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းကျား (၁) ဦးနှင့် မ (၁)ဦး (သေဆုံး)၊ ကျား (၃) ဦးနှင့် မ (၄) ဦး ထိခိုက်ဒဏ်ရာရရှိသူ (မစိုးရိမ်ရ)တို့အား မြတ်စေတနာ နာရေးကူညီမှု လူမှုရေးအသင်း ဟဲဟိုးမြို့ အသင်းမှ ယာဉ်ဖြင့် ဟဲဟိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယနေ့ စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

မြတ်စေတနာ နာရေးကူညီမှု လူမှုရေးအသင်း ဟဲဟိုးမြို့မှ တာဝန်ရှိသူ ဦးမိုးကျော်သူက “ကျွန်တော်တို့ကတော့ ညပ်နေတဲ့ Hijet ယာဉ်မောင်းရဲ့ dead body ကို ဟဲဟိုးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တာပါ။ ကြက်ခြေနီအသင်းတို့၊ မီးသတ်တပ်ဖွဲ့တို့က ညပ်နေသူကို ဆွဲထုတ်ပေးကြတာပါ။ တခြားလူမှုကူညီရေးအသင်းကနေ ကျန်တဲ့လူတွေကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၂၈ ရက်တွင်ပြောသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.