Connect with us

Myanmar

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ငွေကျပ် ၈.၇ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက် တမင်း) ၄၃၅ ကီလိဂရမ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူများအား သိမ်းဆည်းရမိသော အိုက်စ်(မက်သ်အဖက်တမင်း) များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- CCDACMyanmar)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ငွေကျပ် ၈.၇ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက် တမင်း) ၄၃၅ ကီလိဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ စက်တင်ဘာ ၂၇ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၂၄ ရက်၊ နံနက် ၁ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ငါးတဲစုကျေးရွာအနီး၊ တောလမ်းတွင် ပင်လောင်းဘက်မှ ရမည်းသင်းဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် TOYOTA HILUX SURF မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာတွင် SURF မော်တော်ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၈.၇ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၃၅ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117