Environment, Disasters & Accidents
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တစ်စီးတိမ်းမှောက်ပြီး လူ ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၈၆/၆) နှင့် (၂၈၆/၇) အကြားတွင် ယနေ့ (ဇန်နဝါရီ ၄ ရက်) နံနက် ၇ နာရီခွဲက ယာဉ်တစ်စီးတိမ်းမှောက်ပြီး သံဃာတော် တစ်ပါးအပါအဝင် လူ ၃ ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိမ်းမှောက်မှုအား ကူညီကယ်ဆယ်ရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိမ်းမှောက်မှုအား ကူညီကယ်ဆယ်ရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)
ယင်း ISUZU အစိမ်းရောင်ယာဉ်သည် ရှေ့ဝဲဘက်ဘီးပေါက်ပြီး တိမ်းမှောက်ကာ ယာဉ်ပေါ်ပါသံဃာ (၂) ပါး၊ ကျား (၂) ဦးနှင့် မ (၁) ဦး စုစုပေါင်း (၅) ဦးအနက် သံဃာ (၁) ပါး၊ ကျား (၁) ဦးနှင့် မ (၁) ဦး စုစုပေါင်း (၃) ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအား 192 အမြန်လမ်းလူနာတင်ယာဉ်ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)