Connect with us

Environment, Disasters & Accidents

တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ပြေးလမ်းချော်ပြီး တပ်ဖွဲ့ဝင် ၈ ဦး ထိခိုက်ဒဏ်ရာရရှိ

ယနေ့ ပြေးလမ်းချော်မှုဖြစ်ပွားခဲ့သည့် တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ်အားတွေ့ရစဉ် (ဓာတ်ပုံ-cincds)

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၊ လန်ပူရီမြို့ လေဆိပ်၌ ယနေ့ (ဇန်နဝါရီ ၂၃ ရက်) ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် မြန်မာ့တပ်မတော်မှ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ပြေးလမ်းချော်ပြီး တပ်ဖွဲ့ဝင် ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8 F 200 WB အမျိုးအစား၊ လေယာဉ်အမှတ် ၅၈၂၁) သည် မြန်မာ-အိန္ဒိယ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ယနေ့ နံနက် ၁၀နာရီခန့်တွင် မိတ္တီလာမြို့မှ ထွက်ခွာလာပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လန်ပူရီလေဆိပ်သို့ ရောက်ရှိဆင်းသက်စဉ် စက်ချို့ယွင်းမှုကြောင့် လေယာဉ်ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပြေးလဲချော်မှုကြောင့် လေယာဉ်ပေါ်လိုက်ပါလာသော လေယာဉ်အရာထမ်း အမှုထမ်းများအနက် ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။ (Xinhua)