Connect with us

Education & Health

မြန်မာနိုင်ငံတွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား/သူ ၆သိန်းကျော် ကျောင်းအပ်နှံ

မြန်မာနိုင်ငံ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ အခြေခံပညာကျောင်းတစ်ကျောင်း၏ ဇွန်လ ၃ ရက် နံနက်ပိုင်းက ကျောင်းတက်ချိန်မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား/သူ ၆သိန်းကျော် ကျောင်းအပ်နှံခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကျောင်းအပ်နှံရေး ရက်သတ္တပတ် မေ (၂၃) ရက်မှ ဇွန် (၂) ရက် အတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၊ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူ စုစုပေါင်း ၆၃၉၄,၅၂၈ ဦးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ အခြေခံပညာကျောင်းတစ်ကျောင်း၏ ဇွန်လ ၃ ရက် နံနက်ပိုင်းက ကျောင်းတက်ချိန်မြင်ကွင်း (ဆင်ဟွာ)

အဆိုပါ ကျောင်းအပ်နှံရေး ရက်သတ္တအတွင်းပညာရေးဝန်ကြီးဌာနသည် ကျောင်းသားကျောင်းသူတိုင်းအတွက် ကျောင်းသုံးစာအုပ်၊ လေ့ကျင့်ခန်းစာအုပ်၊ ခဲတံနှင့် ဘောလ်ပင်များကို အခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်း ထို့အပြင် မူလတန်းကျောင်းသား/ကျောင်းသူများသည် ကျောင်းဝတ်စုံများ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အခြေအနေအမျိုးမျိုးကြောင့် အချိန်မီ ကျောင်းအပ်နှံနိုင်ခြင်းမရှိသည့် ကျောင်းသား/သူများအတွက် ကျောင်းအပ်နှံမှုကို ဆက်လက်ဖွင့်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများကို ယနေ့(ဇွန် ၃ ရက်)တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)