Education & Health3 years ago
၂၀၂၀-၂၀၂၁ ပညာသင်နှစ် ပုဂ္ဂလိကိုယ်ပိုင်ကျောင်းသစ်ဖွင့်လှစ်လိုသူများ ဇန်နဝါရီ ၃၀ အတွင်း လျှောက်ထားနိုင်
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်နိုင်းလုံး၌ပုဂ္ဂလိကိုယ်ပိုင်ကျောင်းသစ်ဖွင့်လှစ်လိုသူများသည် စတင်လျှောက်ထားလျက်ရှိပြီး၊ ဆက်လက်လျှောက်ထားလိုသူများအနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၀ အတွင်း လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့ ဇန်နဝါရီ ၂၇ ရက် တွင်ပြောသည်။