Connect with us

Media

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူဦးရေ ၆.၄၇ သန်းကျော်ရှိ

ရန်ကုန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် KG မှ ၁၂ တန်းအထိ သင်ရိုးညွှန်းတမ်းအသစ်ဖြင့် အဆင့်မြှင့် တင်ထားသော ၂၀၂၃-၂၀၂၄ စာသင်နှစ်သစ်ကို ဇွန် ၁ရက် ၌ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကာ ကျောင်းအပ်နှံရေးရက်သတ္တပတ်ဖြစ်သော မေ ၂၃ ရက်မှ မေ ၃၁ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူဦးရေ ၆.၄၇ သန်းကျော်ရှိကြောင်းသိရသည်။ (Xinhua)