Connect with us

Myanmar

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးတွင် အင်အား ၅.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်

ငလျင်လှုပ်ခတ်ရာပြ မြေပုံအား တွေ့ရစဥ်(ဓာတ်ပုံ- မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ အနောက်တောင်ဘက် ၂၃ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ၅.၅ အဆင့်ရှိ ငလျင်တစ်ခု ယနေ့(မတ် ၅ ရက်) မွန်းလွဲ ၁၂ နာရီ ၀၆ မိနစ်တွင် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (DMH) က ထုတ်ပြန်သောသတင်းအရ သိရသည်။
တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၃၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် (၂၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၆၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၇) ဒီဂရီ၊ အနက် (၆၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟု တိုင်းထွာရခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယနေ့ (မတ် ၅ ရက်) ဒေသစံတော်ချိန် နံနက် ၄ နာရီ ၃၆ မိနစ်တွင် ဧရာ၀တီတိုင်းဒေသကြီး ညောင်တုန်းမြို့ တွင်လည်း အင်အား ၅.၁ အဆင့်ရှိ ငလျင် တစ်ခုလှုပ်ခတ်ခဲ့ပြီး အပျက်အစီးအချို့ရှိခဲ့ကြောင်း သိရသည်။( Xinhua)