ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) ကြည်မြင်တိုင်မြို့နယ်၊ လှိုင်မြစ် တစ်ဘက်ကမ်းရှိ ဘလုတ်ညွှန့် ကျေးရွာတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့ ည ၇ နာရီ မိနစ် ၃၀ ခန့်က စတင်၍ ၄ နာရီနီးပါးမီးလောင်ကျွမ်းခဲ့ပြီး အိမ်ခြေ (၁၆၀) ကျော် မီးလောင်ဆုံးရှုံး ခဲ့ရကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူများအား မဲပေးခွင့် ပြုထားခြင်းသည်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းပြန်ကြားလိုက်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး ယန်ဟို့လန် (Yang Houlan)က ဖေဖော်ဝါရီ ၁၆ ရက်နေ့ တွင် ပြုလုပ်ခဲ့သည့် တရုတ်နှစ်သစ်ကူး ဧည့်ခံပွဲ၌ မိန့်ခွန်းပြောကြားရာတွင်” ၂၀၁၄ ခုနှစ်တွင် တရုတ်-မြန်မာ ဆက်ဆံရေးသည် တည်ငြိမ်တိုးတက်မှုရှိခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်မြို့သို့ ချီတက်နေသော သပိတ်စစ်ကြောင်း များအနက် သုံးကြောင်းသည် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ရပ်နားလိုက်ကြောင်း ပဲခူးမြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သပိတ်မှောက်ကျောင်း သားများက ဆိုသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀) ပြည့် မွေးနေ့ အခမ်းအနားကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ဂုဏ်ပြုကျင်းပ ခဲ့ကြသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင်များသည် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက်ကို ယနေ့ ပြည်ထောင်စုနေ့တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးလိုက်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားပညာရေး ဥပဒေမူကြမ်းကို သပိတ်မှောက်နေသော ကျောင်းသားများ ယနေ့ နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် ( ဆင်ဟွာ) အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) နှင့် ကျောင်းသားသမဂ္ဂတို့ ပါဝင်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင်ယနေ့ကျင်းပသည့် ဒုတိယအကြိမ်မြောက် လေးပွင့်ဆိုင် ဆွေးနွေးပွဲ၌ သပိတ်မှောက်ကျောင်းသားများ တောင်းဆိုသော အချက်(၁၁)ချက်ကို သဘောတူ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀) ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်တွင် ပထမဆုံးအကြိမ် ကျင်းခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နိုင်ငံတကာ ဆက်သွယ်ရေးလမ်းနှင့် ပြည်ထောင်စု လမ်းများကို ဦးစားပေး (၁) အဖြစ်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ချင်းဆက် လမ်းများကို ဦးစားပေး (၂) အဖြစ်လည်းကောင်း၊ ခရိုင်/ မြို့နယ်ချင်းဆက် လမ်းများကို ဦးစားပေး ( ၃) အဖြစ်...