နေပြည်တော်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း တတိယအကြိမ် လွှတ်တော် အစည်းအဝေးများ တက်ရောက်ရန် နေပြည်တော်စည်ပင် ဧည့် ရိပ်သာ၌ တည်းခိုနေကြသည့် နိုင်ငံ့အဝှမ်းမှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များအား မိမိတို့နေရပ်သို့ ပြန်နိုင်ကြပြီ ဖြစ်ကြောင်း တပ်မတော်က ယနေ့ နေ့လယ်ပိုင်းတွင်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် တပ်မတော်က ထိန်းသိမ်းထားသော ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် လွှတ်တော်ကိုယ်စားလှယ် အများစုကို ယနေ့ နေအိမ်သို့ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးတစ်ဦးက ဆင်ဟွာသို့ ယနေ့အတည်ပြုပြောကြားသည်။
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)ဘာသာပြန်/ကိုငယ် မြန်မာနိုင်ငံတွင် နိုင်ငံရေးခေါင်းဆောင်များအား တပ်မတော်မှ ထိန်းသိမ်းခံပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဖေဖော်ဝါရီ ၂ ရက်တွင် မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ထိန်းသိမ်းခံရကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ယနေ့ ဆင်ဟွာသို့ ပြောကြားခဲ့သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁ရက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ” အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ နိုင်ငံတော်ယာယီသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ပြည်ထောင်စုဝန်ကြီးဌာန(၁၁)ခု၏ ပြည်ထောင်စုဝန်ကြီးများကို ယနေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် အသစ်ခန့်အပ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁ရက် လူမှုကွန်ရက်တွင် ဘဏ်များပိတ်ထားပြီး ဘဏ်လုပ်ငန်းများ ရပ်တန့်လျက်ရှိကြောင်း ကောလာဟလ သတင်းအချို့ဖော်ပြနေကြောင်းသိရှိရသည်။ ဖြစ်စဉ်အမှန်မှာ ဘဏ်များပိတ်ထားမှုမရှိဘဲယနေ့နံနက်ပိုင်းအချိန်တွင် အင်တာနက်လိုင်းနှင့် ဆက်သွယ်ရေးဖုန်းလိုင်းပြတ်တောက် မှုများကြောင့်သာ လုပ်ငန်းဆောင်ရွက်မှုများ ခေတ္တနှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်ရန် အစည်းအဝေး လျာထားချက်အား ယနေ့ ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့တွင် ငွေကျပ် ၁.၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ဇန်နဝါရီ ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ပျူခေတ်ရှေးဟောင်းပစ္စည်းများ တွေ့ရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ခါချဉ်ကုန်းတောင်အား သုတေသနပြုလုပ်ရန် ယနေ့ ဇန်နဝါရီ ၂၉ ရက်တွင် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (စစ်ကိုင်းဌာနခွဲ)၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးက ဆင်ဟွာသို့ ဇန်နဝါရီ...