Connect with us

Business

တရုတ်နိုင်ငံမှ ဝယ်လိုအား မြင့်မားခြင်းကြောင့် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် ပထမ သုံးလပတ်တွင် မြေထောက်ပဲ တန်ချိန် ၁၁၈၉.၆၅၀ တင်ပို့နိုင်

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဖြစ်သည့် ဧပြီ၁ ရက်မှ ဇူလိုင် ၇ ရက်အထိ မြေထောက်ပံပဲတန်ချိန် ၁၁၈၉.၆၅၀ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၆၆၅ သန်းဝင်ငွေ ရရှိခဲ့ကြောင်း စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြေထောက်ပဲတန်ချိန် ၂၀၉.၆၅၀ တန်ကို ပင်လယ်ရေကြောင်းလမ်းဖြင့် ပို့ဆောင်ခဲ့ပြီး မြေထောက်ပဲတန်ချိန် ၉၈၀.၀၀၀ ကို နယ်စပ်ကုန်သွယ်ရေးမှတဆင့် တင်ပို့ခဲ့ကြောင်း စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ အကြံပေး ဦးစိုးဝင်းမောင်က “မြေထောက်ပဲတွေကို တရုတ်နိုင်ငံက ဝယ်လိုအားများပါတယ်။ အိန္ဒိယနိုင်ငံနဲ့ ဥရောပနိုင်ငံတွေကလည်း ဝယ်လိုအားရှိတဲ့အတွက် မြေထောက်ပဲ က ဈေးကောင်းရခဲ့တာပါ” ဟုဆင်ဟွာသို့ပြောသည်။

၂၀၂၂ ခုနှစ် ဇွန်လကုန်ပိုင်းက မြေထောက်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် နှစ်သိန်းဝန်းကျင်ပေါက်ဈေးရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်တွင် မြေထောက်ပဲ ၃ တင်းဝင်- တစ်အိတ်လျှင် ကျပ် ၃၄၀,၀၀၀ အထိ ဈေးကောင်းရရှိခဲ့ခြင်းဖြစ်သည်။

ဦးစိုးဝင်းမောင်က “မနှစ်ကဆိုရင် ပြည်ပကို မြေထောက်ပဲ တန်ချိန် ၆၀,၀၀၀ ဝန်းကျင်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း၅၀ခန့် ဝင်ငွေရရှိခဲ့ပါတယ်။ မြေထောက်ပဲက မြန်မာနိုင်ငံအနေနဲ့ဆိုရင် ပဉ္စမအများဆုံး တင်ပို့ရတဲ့ပဲဖြစ်ပါတယ်။ မြေထောက်ပဲက ရာသီဥတုကောင်းမွန်တဲ့နေရာတို့ မြေနုကျွန်းတို့မှာ အဓိက စိုက်ပျိုးပါတယ်။ မြေထောက်ပဲက အနီရောင်ပဲပေါ့ ။ ဒါပေမဲ့ အခုနောက်ပိုင်း အဖြူရောင်လေးတွေနဲ့ မျိုးကွဲလေးတွေလည်း စိုက်ပျိုးလာကြပါတယ်။ ဒီပဲက ဈေးကောင်းတဲ့ အတွက် ပို့ကုန်ဝင်ငွေ တိုးတက်ဖို့အတွက် ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ထုတ်လုပ်မှု၊ တင်ပို့မှုတိုးတက်အောင်ဆောင်ရွက်သင့်တဲ့ ပဲလို့ထင်ပါတယ်”ဟု ဦးစိုးဝင်းမောင်ကပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.