ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဇူလိုင် ၁၂ ရက်၌ ICEအပါအဝင် မူးယစ်ဆေးဝါး ကီလို ၂၂၀၀ကျော် ဖမ်းမိရမိခဲ့ကြောင်း မူးယစ်ဆေးဝါး ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက ကျပ်သိန်း ၃၈၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ယနေ့ (ဇူလိုင် ၁၃ ရက်) နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေ ရေကြီးရေလျှံမှုများဖြစ်ပေါ်လာသဖြင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွေ့နေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး မုံရွာ-မန္တလေးကားလမ်း မိုင်တိုင် (၆၅/၂-၃)ကြား၌ ဇူလိုင် ၁၁ ရက်တွင် ယာဉ်တိုက်မှုကြောင့် ၃ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၌ ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် သေဆုံးသူအများဆုံးဖြစ်လာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်နေသည့် အတွက် ကယ်ဆယ်ရေးစခန်း ၂၆ ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း မြစ်ကြီးနားမြို့ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ဌာနမှူး ဒေါ်သန္တာလှိုင်က ဆင်ဟွာ ကို ယနေ့ပြောသည်။
ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ ကျေးရွာအချို့ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ရေများဝင်ရောက်လာမှုကြောင့် အခြေခံ ပညာကျောင်း(၉)ကျောင်း ခေတ္တပိတ်ထား ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် ငွေကျပ် ၁၅၄၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ ခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် ဒေသတွင်းနိုင်ငံများ နည်းပညာနှင့် စီးပွားရေးလုပ်ငန်းများ ကဏ္ဍစုံ၌ ပူးပေါင်း ဆောင်ရွက်ရေး (BIMSTEC:_ The Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) ၏ လုပ်ငန်းများတွင် စိုက်ပျိုးရေးနှင့်...
ရန်ကုန် ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းတွင် ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ နေ့စဉ်တိုးလာပြီး ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၁ရက်အထိ သေဆုံးသူ ၄၁ဦးရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။