Connect with us

Politics, Law & Military

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့တွင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိ

နမ့်စန်မြို့တွင် သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား တွေ့ရစဉ်(တပ်မတော်)

ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့ နားပွဲကျေးရွာအနီး၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

နားပွဲကျေးရွာတစ်ဝိုက် သြဂုတ် ၂၅ ရက် ညနေပိုင်းတွင် အသေး စိတ်ရှာဖွေစစ်ဆေးစဉ် ရွာ၏ အရှေ့မြောက် ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့အရောက်၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြု သည့် စတီးပေါင်းအိုး သုံးလုံး၊ မွှေစက် နှစ်လုံး၊ မှိုချောင်း ၁၃၀၀ ချောင်း၊ အောက်ခံခုံ တစ်ခု၊ မော်တာ တစ်လုံး၊ ကဖင်း ၆၄ အိတ်အား ပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိ သိမ်း ဆည်း ရမိခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၂ ရက်နှင့် ၂၃ရက်တွင် နားပွဲကျေးရွာအနီး မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့်WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများထည့် ထားသည့် ဆာလာအိတ် ၂၇ အိတ် တန်ဖိုး စုစုပေါင်း ၅၃ သိန်း (ကာလတန်ဖိုး ၁၀ ဒသမ ၆ ဘီလီယံ)ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ပတ်ဝန်းကျင် တစ်ဝိုက်အား ဆက်လက် စစ်ဆေးရှာဖွေစဉ် ယခုကဲ့သို့ ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ပြီး အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်း များအား သက်ဆိုင် ရာသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.