ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ) ရပ်ကွက် ၊ ဘုရင့်နောင်လမ်းနှင့် ကျန်စစ်သားလမ်းကြား၊ ၅၄×၅၅ လမ်းကြား၊ အကွက်အမှတ် (ထထ-၁၃/၇၅) ရှိ ပြည်စိုးဟိန်း ကျူရှင်စာသင်ဆောင်တွင် ခြင်ဆေးခွေထွန်းရာမှ နေအိမ် ခုနှစ်လုံးအထိ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
နေပြည်တော်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု မဟာ ဗျူဟာမြောက် စီမံကိန်းများ အောင်မြင်ရေးတွင် ညွှန်ကိန်း မူဘောင် (indicator framework) များက အရေးကြီးသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ယနေ့ ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုနှင့် သံလွင်မြစ်ရေမြင့်တက်ခဲ့မှုကြောင့် သြဂုတ်လ(၆)ရက်နေ့အထိ အခြေခံပညာ ကျောင်းပေါင်း ၂၁၃ ကျောင်း ပိတ်ထားရဆဲ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) မွန်ပြည်နယ် ၊ ချောင်းဆုံ မြို့နယ်၌ စာသင်ကျောင်းဆောင် ဆွေးမြေ့ပြိုကျမှု ဖြစ်ပွားခဲ့ရာ ကျောင်းသူ/သား ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီအသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၉ ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် လမ်း/တံတားများ ရေကျော်ခြင်း၊ ထိခိုက်ပျက်စီးမှု တန်ဖိုးသည် ကျပ် ၁၄၅၂ ဒသမ ၅၁၁ သန်းခန့် ဆုံးရှုံးုခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) ပဲခူး တိုင်းဒေသကြီး အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး မိုးစပါး စိုက်ကွင်းများ ရေလွှမ်း ထိခိုက်ခဲ့ ရသဖြင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း)တွင် ၅၅,၁၃၂ ဧက နှင့် ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)တွင် ၅၀,၈၄၃ ဧက ပျက်စီးခဲ့ကြောင်း ပြန်ကြားရေး...
ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့ တွင် (၃)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း (၁)ပေခွဲခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ရေကြီး နစ်မြုပ်နေသည့် အိမ်ထောင်စုပေါင်း ၆,၂၃၂ နှင့် ရေဘေးသင့်ပြည်သူ ၃၁,၉၄၂ ဦး ထိရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့ အမှတ်(၁၀)ရပ်ကွက်တွင် သောက်သုံးရေ သိုလှောင်ရာ မြေသားကန်ကြီးသည် မိုးအဆက်မပြတ်ရွာသွန်းမှု များကြောင့် ရေများပြည့်လျှံနေပြီး ဩဂုတ် ၃ ရက်နေ့ ညနေ ၅ နာရီခွဲက မြေသားကန်ပေါင် ကျိုးပေါက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။