Connect with us

Sport

အောင်လအန်ဆန် က ပြိုင်ဘက် မိုဟာမက်ကရာကီအား ပထမ အချီ အတွင်း အနိုင်ရကာ ဝမ်းမစ်ဒယ်ဝိတ် ကမ္ဘာ့ ချန်ပီယံ ခါးပတ်အား ဆက်လက် ကာကွယ်


ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

ဝမ်းမစ်ဒယ်ဝိတ် ကမ္ဘာ့ ချန်ပီယံ ခါးပတ်အား ကာကွယ်ရန် လက်ရှိ ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် မိုဟာမက်ကရာကီ (Mohammad Karaki) နှင့် ယနေ့အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ ပွဲချိန် စတင်ချိန် ပထမ အချီမှာပင် အောင်လအန်ဆန် က ယှဉ်ပြိုင် အနိုင်ရရှိကာ ဝမ်းမစ်ဒယ်ဝိတ် ကမ္ဘာ့ ချန်ပီယံ ခါးပတ်အား ဆက်လက် ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။

အောင်လအန်ဆန် နှင့် မိုဟာမက်ကရာကီ တို့သည် ONE: PURSUIT OF GREATNESS ပြိုင်ပွဲ၏ အဓိက ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာတွင် ပထမ အချီ စတင်ချိန် ၂ မိနစ် ၂၁ စက္ကန့်တွင် အောင်လအန်ဆန်က လက်သီးချက်များဖြင့် ပြိုင်ဘက်အား ယှဉ်ပြိုင် အနိုင် ရရှိခဲ့သည်။

အောင်လအန်ဆန် နှင့် မိုဟာမက်ကရာကီ တို့၏ ယှဉ်ပြိုင် ထိုးသတ်မှုအား တွေ့ရစဉ်(ဆင်ဟွာ)

မိုဟာမက်ကရာကီ ကို အနိုင်ရရှိခဲ့သည့် အောင်လအန်ဆန်အားတွေ့ရစဉ် (ဆင်ဟွာ)

အောင်လအန်ဆန်က အနိုင်ရရှိခဲ့ပြီးနောက် ယခုကဲ့သို့ အားပေးမှုများအပေါ် ကျေးဇူးတင်ကြောင်း ၊ ယခုမှာ အစသာ ရှိသေးပြီး နောက်တွင် ပိုကောင်းမွန်သည်များအား မြင်တွေ့ရအုန်းမည် ဖြစ်ကြောင်း ၊ အတူတကွ လုပ်ဆောင်ပါက ဘာမဆို အောင်မြင်နိုင်ကြောင်း ပြောကြားသွားခဲ့သည်။

ထို့ကြောင့် အောင်လအန်ဆန်သည် ဝမ်းမစ်ဒယ်ဝိတ်တန်း နှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ ဆုများ (ONE Middleweight & Light Heavyweight World Champion) ကို ပိုင်ဆိုင် ရရှိ ထားသူ အဖြစ် ဆက်လက် ရပ်တည် ထားနိုင်ခဲ့သည်။

အောင်လအန်ဆန်က ယခုပွဲ အတွက် ပြင်ဆင်ချိန် ၁၀ ပတ်ကျော်ရှိခဲ့ကြောင်း ၊ အကောင်းဆုံး ကြိုးစားပြီး ကစားခဲ့ကြောင်း ၊ ယခုကဲ့သို့ အောင်မြင်မှုကို အားလုံး ရနိုင်သည့် အတွက် ဂုဏ်ယူကြောင်း ၊ နောက်ထပ်ပွဲများ အနိုင်ရရှိအောင် ကြိုးစား သွားမည် ဖြစ်ကြောင်း အနိုင်ရရှိပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်။

ONE: PURSUIT OF GREATNESS ပြိုင်ပွဲအား ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပခဲ့ရာ အောင်လအန်ဆန် နှင့် မိုဟာမက်ကရာကီ တို့၏ ပွဲစဉ် အပါအဝင် ပွဲစဉ် ၁၀ ပွဲ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.