ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၃၁၅ ရွက် (ငွေကျပ်သိန်း ၃၀ ကျော်ဖိုး) သိမ်းဆည်း ရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းအတွင်းသို့ ယနေ့ နံနက် ၆ နာရီခွဲခန့်က မီးလောင်စေသော ပုလင်းပစ်ပေါက်ခဲ့သည့် တရားခံဓာတ်ပုံမှတ်တမ်းများ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံဝင်းအတွင်းသို့ ဓာတ်ဆီပုလင်းဖြင့် ပစ်ခတ်သူအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရှာဖွေနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) သံမဏိ ထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင် သွားရမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားခဲ့သည်။
နေပြည်တော်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန နှင့် တရုတ် သိပ္ပံ အကယ်ဒမီတို့ ပူးပေါင်း စီစဉ်သည့် ဇီ၀ မျိုးစုံ မျိုးကွဲ စာရင်းကောက်ယူခြင်းနှင့် ကာကွယ် ထိန်းသိမ်းခြင်း လုပ်ငန်း၏ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို...
ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) မြန်မာနိူင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်အား အင်္ဂလန်ကလပ် Leeds United အသင်းပိုင်ရှင် လာရောက်တွေ့ဆုံခဲ့ပြီး ထိုသို့တွေဆုံရာတွင် မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိူင်ရေးကိစ္စများကိုဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် သီပေါမြို့၊ မကွေးတိုင်းဒေသကြီး ပေါက် မြို့၊ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တို့တွင် အနိမ့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အနေနှင့် ပြီးခဲ့သည့် လွှတ်တော်သက်တမ်း (၂)နှစ်နီးပါးကာလတွင် ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့် မီးဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ ဇန်နဝါရီလ...
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမွေးဖွားသော ကလေး အသက်နှစ်နှစ်အထိ ငွေကြေးထောက်ပံ့ရေး အစီအစဉ်(MCCT Program)အား တိုးချဲ့နိုင်ရေး ကူညီပေးရေးကိစ္စများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် The World Bankတို့တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှု စံထားစစ်ဆေးခြင်းလုပ်ငန်းဆိုင်ရာ ဗဟိုအဆင့်စာမေးပွဲကြီးကြပ်ရေးမှူးသင်တန်းကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း သိင်္ဂ ီမြိုင်ခန်းမ၌ ကျင်းပခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။