ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) စာရာမေရိတောင်တစ်ဝိုက်ရှိ သစ်တောများကို သဘာဝအတိုင်း တည်ရှိစေရေးအတွက် ပထမဆင့် အနေဖြင့် ကြိုးပြင် ကာကွယ်တော အဖြစ် စတင်ဖွဲ့စည်းရန် ကွင်းဆင်း လေ့လာလျက်ရှိကြောင်းပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်၌ ကားဝပ်ရှော့ တစ်ခုအတွင်း ဝါယာရှော့ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားပြီး ကျပ် ၁၅သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း ဖားကန့်မြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရဟိုင်းကူးတို့ ကျေးရွာ၌ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားရာ နေအိမ် ၁၃ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) မူးယစ်ဆေးဝါး ထုတ်လုပ်မှုများတွင် ဘိန်းဖြူ၊ ဆေးခြောက်၊ ကိုကင်းနှင့် အဖက်တမင်း စိတ်ကြွရူးသွပ်ဆေးပြားများအပြင် စိတ်ပြောင်းဆေးဝါးသစ် ထုတ်လုပ်မှုများကိုပါ တွေ့ရှိလာကြောင်း မူးယစ်ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီ တပ်ကုန်းမြို့နယ် ပျော်ရွာကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျည် ၈၂ တောင့်တွေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒအား အစိုးရအဖွဲ့မှ ပြန်လည်သုံးသပ်၍ စိစစ်ပြီးဆောင်ရွက်မည့် အစီအစဉ်အသေးစိတ်အား တိုင်းဒေသကြီးလွှတ်တော် နှင့် ပြည်သူတို့ထံအချိန်မီကြိုတင်အသိပေးကြေညာသွားမည်ဖြစ်ကြောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း ကပြောသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ လာနီညာအခြေအနေ၌ ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာအား ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရနှင့် ဂျာမနီ ဖက်ဒရယ် သမ္မတနိုင်ငံ အစိုးရတို့အကြား လက်မှတ် ရေးထိုးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) ဝမ်းချန်ပီယံရှစ် ရွှေခါးပတ် လုပွဲ(ONE:QUEST FOR GOLD) ပြိုင်ပွဲတွင် နိုင်ငံ ဂုဏ်ဆောင်နိုင်ရန် အကောင်းဆုံး ကစား သွားမည် ဖြစ်ကြောင်း အောင်လ အန်ဆန်းက ယနေ့ဖေဖော်ဝါရီ ၂၀ ရက်တွင် ပွဲကြို ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၁-၅၂လမ်းကြား၊ အေးသုခလမ်းနှင့် အေးမေတ္တာလမ်းကြားတွင် ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၄လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။