Connect with us

Sport

အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသားဘောလုံးအသင်း ယှဉ်ပြိုင်မည်

မြန်မာအသင်းယှဉ်ပြိုင်ကစားနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ အမျိုးသားဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် သည်။ မြန်မာအမျိုးသားဘောလုံးအသင်းသည် အာရှ အားကစားပြိုင်ပွဲတွင် နှစ်ပေါင်း ၂ဝ ကျော်အတွင်း တစ်ကျော့ပြန်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ရလဒ်ကောင်းရယူနိုင်ရန် ပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းသည် အာရှအားကစားပြိုင်ပွဲတွင် ယခင်က အောင်မြင်မှုများစွာရယူနိုင်ခဲ့ပြီး ရွှေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခု ရရှိခဲ့သည်။ မြန်မာအသင်းသည် ၁၉၆၆ ပြိုင်ပွဲတွင် အီရန်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရကာ ရွှေတံဆိပ်ရခဲ့ပြီး ၁၉၇ဝ ပြိုင်ပွဲတွင် တောင်ကိုရီးယား အသင်းနှင့် ဂိုးမရှိသရေကျကာ ပူးတွဲချန်ပီယံဖြစ်ခဲ့သည်။ အောင်မြင်မှုအစဉ်အလာကြီးမားခဲ့ပြီး အရှေ့တောင်အာရှ နိုင်ငံများတွင် အောင်မြင်မှုအကြီးဆုံးဖြစ်သည့် မြန်မာ အသင်းသည် အာရှအားကစားပြိုင်ပွဲတွင် တစ်ကျော့ပြန် ယှဉ်ပြိုင်မည်ဖြစ်ရာ အောင်မြင်မှုရရန် ပြိုင်ပွဲအကြိုပြင်ဆင် မှုများ၊ ဖိတ်ခေါ်ပြိုင်ပွဲနှင့် နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခြင်းများ ပြုလုပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် သြဂုတ်လဆန်း တွင် ကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် အာရှနှင့်အာဆီယံဒေသတွင်း ထိပ်သီးအသင်းများကို ဖိတ်ကြားမှုများ ပြုလုပ်ထားသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အာရှအားကစားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်းအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အာရှ ထိပ်သီး တောင်ကိုရီးယား၊ အာဆီယံထိပ်သီး အင်ဒိုနီးရှား နှင့် ထိုင်းအသင်းတို့ကို ဖိတ်ကြားထားသည်။ ပြိုင်ပွဲကို ယူ-၂၃ ပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ်ပြီး အာရှအားကစား ပြိုင်ပွဲကျင်းပမည့် စည်းမျဉ်းအတိုင်း အသက် ၂၃ နှစ်ကျော်လွန်သည့် ကစား သမားသုံးဦး ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

အာရှအားကစားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်းသည် ၂ဝ၁၇ ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၂၂ အသင်းကို အခြေခံဖွဲ့စည်းမည်ဖြစ်ပြီး အသက် ကျော်လွန်သည့် လက်ရွေးစင်အဆင့် ကစားသမားသုံးဦး အားဖြည့်ရွေးချယ်မည်ဖြစ်သည်။

အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်းကို နည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်း ကို ကိုင်တွယ်မည့်နည်းပြအား ပူးတွဲတာဝန်ပေးအပ်မည် ဖြစ်ကြောင်း ကြေးမုံသတင်းတွင်ပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117