ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် အီကွေ တာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိခဲ့ပြီး ယင်းမုန်တိုင်းငယ်၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ၍ အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာ၊ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့...
ပေကျင်း ၊ မတ် ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က လက်နက်ကိုင်ရဲတပ်ဖွဲ့များအား တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC) နှင့် ပြည်သူများအပေါ် သစ္စာစောင့်သိသောကာကွယ်စောင့်ရှောက်သူများအဖြစ် အမြဲတမ်းအလုပ်အကျွေးပြုရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မက်လင်ချောင်ကျေးရွာအနီးရှိ YTT ကျောက်စိိမ်းလုပ်ကွက်ဟောင်း မြေစာပုံသည် ဖေဖော်ဝါရီ ၂၈ ညပိုင်းက ပြိုကျခဲ့ရာ ရေမဆေးကျောက် ရှာဖွေသူအများအပြား ပျောက်ဆုံးနေကြောင်း ဖားကန့်ရဲစခန်းမှ အရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ကစားသမား ဗစ်တာလီဘစ်ဒက်ရှ် တို့၏ မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲကို စင်ကာပူနိုင်ငံ၌ ယနေ့ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ အောင်လအန်ဆန်က သုံးချီထိုးအပြီး ဒိုင်အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံဆုအား...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) ၂၀၂၃ ခုနှစ် အာရှဖလားတတိယအဆင့်ခြေစစ်ပွဲတွင် မြန်မာအသင်းက အုပ်စု (စ) တွင် ကျရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။ “အုပ်စုမဲခွဲပွဲကို ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်ခဲ့တာပါ’’ ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အာဖရိကဝက်အပြင်းဖျားရောဂါသည် ဝက်များတွင် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်သည့် ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်သောကြောင့် မိမိမွေးမြူထားသောဝက်များအားကြိုတင်ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ချက်ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) က မ္ဘောဒီးယားနိုင်ငံ ၌ ကျင်းပလျက်ရှိသော ၂၀၂၂ ခုနှစ် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ-ယူ၂၃ ဘောလုံးအသင်းသည် COVID-19 ကူးစက်ခံရမှုကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။
ရန်ကုန်၊ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) က မ္ဘောဒီးယားနိုင်ငံ ၌ ကျင်းပလျက်ရှိသော ၂၀၂၂ ခုနှစ် အာဆီယံ ယူ-၂၃ ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ-ယူ၂၃ ဘောလုံးအသင်းသည် COVID-19 ကူးစက်ခံရမှုကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် ယနေ့မနက် ၁၀ နာရီ ၄၃ မိနစ်ခန့်တွင် လေ့ကျင့်ပျံသန်းစဉ် စစ်ကိုင်းတိုင်း၊ အုန်းတောကျေးရွာ အရှေ့ဘက်ရှိ ရေမျက်ကြီးအင်းအတွင်း ပျက်ကျသွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းရှိ အကျဉ်းသား ၈၁၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု၍ AA အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၄၆ ဦးလည်းအမှုရုပ်သိမ်းကာ ပြန်လည်လွှတ်ပေးခဲ့ပြီးဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်တစ်ဝက်လျှော့ပေးခဲ့၍ သီရိလင်္ကာနိုင်ငံသား ၇ ဦးကိုလည်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း ယနေ့ထုတ်ပြန်ခဲ့သည်။ နိုင်ငံတဝန်းအကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့အကျဉ်းသားများထဲတွင် ထိုက်သင့်သောပြစ်ဒဏ်ကျခံထားပြီးစည်းကမ်းကောင်းမွန်စွာနေထိုင်သည့်အကျဉ်းသား ၈၁၄...