Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက်ဟောင်း ရွှံ့နွံကန်ပေါက်ပြီး လူ ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

မနမှော်အတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က ပြိုကျခဲ့သော မြေစာပုံ၌ ကယ်ဆယ်ရေးဆောင်ရွက်မှုအား တွေ့ရစဉ်(ဓာတ်ပုံ- ဖားကန့်ဒေသခံ)

ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ် မနကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရွှံ့နွံကန်သည် ယနေ့(မတ် ၁၂ ရက် ) နံနက် ၅နာရီဝန်းကျင်က ပေါက်ကျမှုဖြစ်ပွါးပြီ လူ ၁ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

မနမှော်အတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က ပြိုကျခဲ့သော မြေစာပုံ၌ ကယ်ဆယ်ရေးဆောင်ရွက်မှုအား တွေ့ရစဉ်(ဓာတ်ပုံ- ဖားကန့်ဒေသခံ)

အဆိုပါနွံ့ကန်ပေါက်သည့် နေရာသည် အန္တရာယ်ရှိသော အခြေအနေများကြောင့် ယနေ့ နေ့လယ်
ပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားကြောင်း ဒေသခံရဲများနှင့် ဒေသခံပြည်သူများက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဖားကန့်မြို့နယ် ကရုဏာလူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ပြီး အလောင်းတစ်လောင်း ရှာဖွေတွေ့ရှိခဲ့ကာ လူ ၄ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်း နွံ့ကန်ပေါက်မှုကြောင့် လူ ၃၀ ခန့် ပျောက်ဆုံးနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)