ရန်ကုန် ၊ မတ် ၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံပြည်တွင်းရှိ ချောက်မြို့၏ အနောက်တောင်ဘက် (၁၁)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုသည် ယနေ့မတ် ၇ ရက် နံနက်ပိုင်း အချိန်တွင် လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ...
ရန်ကုန်၊မတ်လ၆ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို ရှမ်း ကလေးကျွန်းတွင် Mandalay Business Capital City Development Co.,Ltd မှ ဒေသခံများအားချပြ၍ မကြာမီ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ မှ တာဝန်ရှိသူကပြောသည်။
ရန်ကုန်၊မတ်လ၆ရက်(ဆင်ဟွာ) အခြေခံဆရာ၊ ဆရာမ လိုအပ်ချက် မြင့်မားလာမှုကို ကာမိစေရန် ရည်ရွယ်၍ ပညာရေး ဝန်ကြီးဌာနက လာမည့် ပညာသင်နှစ် အတွင်း ဆရာ တစ်သိန်းကျော် ခန့်အပ်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ရန်ကုန်၊မတ်လ၆ရက်(ဆင်ဟွာ) ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ကျောင်းတက်ရန် အခက်အခဲ ရှိသော ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာ ကျောင်းများ၌ တက်ရောက် လာနိုင်ရေး အတွက် ပညာသင်စရိတ် ပံ့ပိုးကူညီမှု အစီအစဉ် များကို တိုးချဲ့ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန် ၊ မတ် ၆ ရက်(ဆင်ဟွာ) ယခုနှစ် နွေသီးနှံပေါ်ချိန်တွင် မိုးရာသီကာလ ရေကြီးရေလျှံ ဖြစ်လေ့ဖြစ်ထ ရှိသော ဒေသများသည် လာမည့် မိုးရာသီကာလအတွက် အရန်မျိုးစေ့များကို ကြိုတင် စီမံ စုဆောင်း ထားရှိကြရန် လိုအပ်မည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ အသိပေး...
ရန်ကုန် ၊ မတ် ၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ချေးငွေဖြင့် ဝယ်ယူမည့် YDM-4 ခေါင်းတွဲသစ် ၁၈ ခေါင်းများအား လူစီးရထား များနှင့် ကုန်ရထား များတွင် အသုံးပြု ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရန်ကုန် ၊ မတ် ၄ ရက် (ဆင်ဟွာ) ကမ်းလွန် ဇောတိက စီမံကိန်း၏ ထုတ်လုပ်ရေးစင် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သထုံ၊ မော်လမြိုင်၊ ကံပေါက်ဒေသရှိ သဘာဝ ဓာတ်ငွေ့သုံး စက်ရုံများသို့ သဘာဝ ဓာတ်ငွေ့ ပို့လွှတ်မှု ခေတ္တ ရပ်ဆိုင်းထားမည်...
နေပြည်တော်၊ မတ် ၄ ရက် (ဆင်ဟွာ) အစိုးရသစ်၏ ပြည်ထောင်စု အဆင့် ရာထူးများနေရာ၌ ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ကိုယ်စားလှယ် ၃၀ မှ ၄၀ ရာခိုင်နှုန်းသာ ပါဝင်မည် ဖြစ်ကြောင်း ယနေ့ နေပြည်တော် စည်ပင်ရိပ်သာ၌ သတင်းသမားများနှင့်...
နေပြည်တော်၊ မတ် ၄ ရက် (ဆင်ဟွာ) ရွေးကောက်ပွဲ၌ အနိုင်ရလာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ လာမည့် အစိုးရသစ် ဖွဲ့စည်းရာတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးညီပုအား ခန့်အပ် တာဝန် ပေးသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ယနေ့...
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) ရန်ကုန်မှ ညောင်ဦးသို့ ပျံသန်းမည့် Golden Myanmar Airlines လေယာဉ် ဘီးပေါက်မှုကြောင့် ခရီးစဉ် နှောင့်နှေးခဲ့သော်လည်း အခြေအနေ လုံခြုံစိတ်ချ ဘေးကင်းသွားပြီဟု Golden Myanmar လေကြောင်းလိုင်းက ထုတ်ပြန်သည်။