Connect with us

Politics, Law & Military

မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အကြား တပ်မတော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးတက်ကောင်းမွန်ရေး ဆွေးနွေး

မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား တပ်မတော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးစဉ် (ဓာတ်ပုံ-ကာကွယ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ဂျပန်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး H.E. Mr. Gen. NAKATANI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လည်းကောင်း၊ ဥရောပသမဂ္ဂ စစ်ဘက်ရေးရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လည်းကောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

ဂျပန်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နယ်စပ် ဒေသဆိုင်ရာ ကိစ္စရပ်များတွင် ဆောင်ရွက်နေမှု အခြေအနေများကို အမြင်ချင်း ဖလှယ်ဆွေးနွေးပြီး နှစ်နိုင်ငံ တပ်မတော်ကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ တိုးတက် ကောင်းမွန်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများအကြား တပ်မတော် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးတက် ကောင်းမွန်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ပိုမို ခိုင်မာလာစေရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာ၌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ် စန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.