နေပြည်တော်၊ မတ် ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် စက်သုံးဆီသုံးစွဲမှုကို ချွေတာလျှော့ချရန်အတွက် အပတ်စဉ်ဗုဒ္ဓဟူးနေ့အား အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း...
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ တွင်ငွေကျပ် ၂.၀၈ ဘီလီယံ ခန့်တန်ဖိုးရှိ အိုက်စ် ၂၆ဝ ကီလိုဂရမ်ခန့် ဖမ်းဆီးရမိခဲ့ကြောင်း မတ်လ ၂၃ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။ မတ်လ ၂၂ ရက် ၂...
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ ရက်သတ္တပတ် တစ်ပတ်အတွင်း တစ်နိုင်ငံလုံးတွင် တရားမဝင်သစ် ၈၄.၃ တန်ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း မတ်လ ၁၉ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။ ၂၀၂၆...
နေပြည်တော်၊ မတ် ၁၈ ရက် (ဆင်ဟွာ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လင်းဒွေးကို ယနေ့ (မတ် ၁၈ ရက်) ကျင်းပသော တတိယအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသစ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ...
နေပြည်တော်၊ မတ် ၁၆ ရက် (ဆင်ဟွာ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ဥက္ကဋ္ဌဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရီကို ယနေ့ (မတ် ၁၆ ရက်) ကျင်းပသော တတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။...
ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက မြန်မာ့မျက်နှာစာသစ်ဖိုရမ် (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) ဖိုရမ်ကို မတ်လ ၁၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း မတ် ၁၄ ရက်ထုတ် နိုင်ငံပိုင်...
ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသူ/ အကျဉ်းသား ၁၀,၀၀၀ ကျော်ကို ယနေ့(မတ် ၂ ရက်)တွင် လွတ်ငြိမ်းခွင့်ပြုလိုက်ရာ မြန်မာနိုင်ငံ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အရှေ့မြင်ကွင်းများအား ဖော်ပြအပ်ပါသည်။ (Xinhua)
ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသူ/အကျဉ်းသား ၁၀,၀၀၀ ကျော်ကို ယနေ့ (မတ် ၂ ရက်) တွင် နိုင်ငံတော် ယာယီသမ္မတက လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းများအရ သိရသည်။ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုစိတ်နှလုံး...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း အများအပြားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ မူးယစ်ဆေးဝါးများ ထုတ်လုပ်နေသည်ဟူသော သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ...
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် လွန်ခဲ့သည့် ရက်ပိုင်းက ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသည့် မြစ်ကြီးနားလေဆိပ်အား အများပြည်သူခရီးသွားလာရေးနှင့် ကုန်စည် စီးဆင်းမှုမြန်ဆန်စေရေးတို့အတွက် ပုံမှန်အတိုင်းလေယာဉ်ပျံသန်းပြေးဆွဲနိုင်ရေး အမြန်ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) ၌ ထုတ်ပြန်သော...