Politics, Law & Military
ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ခံမှုတွင် ပြေစာ အမှတ်တံဆိပ် ကပ်နှိပ် ရောင်းချမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်
ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
ပြည်တွင်း အခွန်များ ဦးစီးဌာနအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ခံမှုတွင် ပြေစာ အမှတ်တံဆိပ် ကပ်နှိပ် ရောင်းချမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
လက်ရှိတွင် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံမှုမှ ပြေစာအမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရန် စားသောက်ဆိုင်များ၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများကို ညွှန်ကြားထားပြီး ယခု ဘဏ္ဍာနှစ်မှစ၍ ရွှေခွန်ကောက်ခံရာတွင် ကပ်နှိပ်ရောင်းချရန် စီစဉ်ထားသကဲ့သို့ နောက်ပိုင်း ကာလတွင် ဝန်ဆောင်မှု အပိုင်းများတွင်ပါ အခွန်ကောက်ခံမှု ပြေစာ ကပ်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းကုန်စည် ထုတ်လုပ်ရောင်းချမှု၊ ကုန်စည်တင်သွင်းမှု၊ ကုန်သွယ်ခြင်း ဆောင်ရွက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မှု အပိုင်းတို့တွင် ကုန်သွယ် လုပ်ငန်းခွန် ကောက်ခံမှုများကို ကောက်ခံနေခြင်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)