Connect with us

Politics, Law & Military

ဒေါ်အောင်ဆန်းစုကြည်သည် အင်ဒိုနီးရှား သမ္မတနိုင်ငံ သမ္မတ မစ္စတာဂျိုကိုဝိဒိုဒို နှင့်တွေ့ဆုံဆွေးနွေး

အင်ဒိုနီးရှား သမ္မတနိုင်ငံ သမ္မတ H.E. Mr. Joko Widodo နှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-- MOFA)

ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

(၃၀) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အင်ဒိုနီးရှား သမ္မတနိုင်ငံ သမ္မတ H.E. Mr. Joko Widodo (မစ္စတာဂျိုကိုဝိဒိုဒို) နှင့် ယနေ့ ဒေသစံတော်ချိန်(၀၉၀၀)နာရီတွင် မနီလာမြို့၊ ဆိုဖီတယ်ဖိလစ်ပိုင်ပလာဇာဟိုတယ် ၌ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးမှာ ယခုနှစ်များအတွင်း ပိုမိုတိုးတက်လာလျက်ရှိပြီး စီးပွားရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံ တကာရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

အလားတူ ဒေသစံတော်ချိန်(၁၀၂၀)နာရီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင် His Majesty Sultan and Yang Di-Pertuan နှင့် မနီလာမြို့ ဖိလစ်ပိုင်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ၊ အရေးကြီး ပုဂ္ဂိုလ်ဧည့်ခန်းမဆောင်၌ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုမြှင့်တင်ရေး၊ စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင် ကဏ္ဍတို့၌ အကျိုးတူပူးပေါင်းဆောင်ရွက် သွားရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.