Politics, Law & Military
ချင်းနှင့် ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများခန့်အပ်
ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှစ်ဦးကို နိုင်ငံတော် သမ္မတက ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်သော သတင်းအရ သိရသည်။
ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးဟန်ဝင်းအောင်နှင့်
ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးနိုင်ဝင်းအောင်ကို ခန့်အပ်လိုက်ကြောင်း သိရသည်။
ယခင် ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်နှင့် ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးအောင် တို့ကို စစ်ဘက်မူလတာဝန်များ ပြန်လည် ထမ်းဆောင်စေမည်ဖြစ်သည်။(Xinhua)